Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှားတောမြို့နယ် သမဝါယမအသင်းစုများ၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးပြုလုပ်
Jan 24,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် သမဝါယမဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ သမဝါယမအသင်းစုများဖြစ်သော ရတနာရွှေမြေ (ဒေါဆိုဆစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်း) သမဝါယမအသင်း လီမိတက်နှင့် အစိုးရဝန်ထမ်းပေါင်းစုံ၊ ငွေစင်ကြယ်၊ ဈေးပိုင်းရပ်ကွက်နှင့် အောင်ချမ်းသာ ရပ်ကွက် ငွေစုငွေချေးလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရှားတောမြို့နယ် စုပေါင်းရုံး ခန်းမ၌ ကျင်းပပြုလုပ် ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်၌ အွန်လိုင်းမှသင်ကြားနည်းစနစ်ဖြင့် မြသိန်းတန်ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်
Jan 24,2021
မျိုးဆက်သစ် ကလေးငယ်များ ဗုဒ္ဓဓမ္မပညာကို ဆက်လက်သင်ယူခွင့်မဆုံးရှုံးစေရန်နှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော် များကို မိမိတို့၏အိမ်ကပင် လေ့လာသင်ယူနိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် ရှိ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်တွင် အွန်လိုင်းမှသင်ကြား နည်းစနစ်ဖြင့် မြသိန်းတန်ဓမ္မစကူးလ် သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ နေကြောင်း မြသိန်းတန်ဓမ္မစကူးလ်ကော်မတီမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုအားလုံးနီးပါး ပြီးစီးနေပြီဖြစ်
Jan 24,2021
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် စေတနာအလှူရှင်များ စုပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၀ယ်ယူ နိုင်ရေးငွေကျပ်(၂၈)သိန်းလှူဒါန်း
Jan 24,2021
ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နေ အလှူရှင်များစုပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၀ယ်ယူနိုင်ရေးအတွက် ငွေကျပ်(၂၈)သိန်းလှူဒါန်းပွဲကို ထောက်ကြန့်သပြေညို ပညာဒါန အကျိုးဆောင်အသင်းခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းလမ်းညွှန်ချက်များနှင့် အညီ ယနေ့နံနက်၉နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့ မောရဝတီရပ်ကွက် မိုးယုချောင်း၌ သံကူကွန်ကရစ်တံတားတည်ဆောက်
Jan 24,2021
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင်၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ဆောင်ရွက် လျက်ရှိသော ကျေးရွာကုန်ထုတ်လမ်းများနှင့် ရေတွင…
Jan 24,2021
ပဲခူးတိုင်းဒေသကြီး ရွှေတောင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့်ဆောင်ရွက်လျက်ရှိသော ကျေးရွာကုန ထုတ်လမ်းများနှင့် ရေတွင်း နက်တူးဖော်ခြင်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ချောစုဇံ၊မြို့နယ်ဦးစီးမှူးဦးမျိုးသူနှင့် အင်ဂျင်နီယာအဖွဲ့တို့က ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးတွင် စေတနာ့ဝန်ထမ်း (Volunteer)အဖြစ် သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြု
Jan 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူဆေးရုံကြီး(ICU)တွင် စေတနာ့ဝန်ထမ်း Volunteer အဖြစ်(၁)လကြာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် သဲကုန်းမြို့နယ်၊ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ညနေပိုင်းတွင် သဲကုန်းမြို့နယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ သဲကုန်းမြို့နယ်အစမှ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေပေးအပ်
Jan 24,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်သည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25376
Page
25377
Page
25378
Page
25379
Current page
25380
Page
25381
Page
25382
Page
25383
Page
25384
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department