Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တိုင်းစည်ပင်ထောက်ပံ့မှုဖြင့် ကင်းတပ်ကျေးရွာနှင့် မော်လိုက်ကလေး ကျေးရွာတို့တွင် ရွာတွင်းလမ်းများအား ကွန်ကရစ် လမ်းခင်း
Jan 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ကင်းတပ်ကျေးရွာနှင့် မော်လိုက်ကလေးကျေးရွာ တို့တွင် စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ထောက်ပံ့ပေးသည့် ဘိလပ်မြေဖြင့် ကျေးရွာတွင်း လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ဇန်နဝါရီလ ပထမပတ်မှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း မော်လိုက် မြို့နယ် စည်ပင်သာယာကော်မတီ၊ မြို့နယ် အမှုဆောင် အရာရှိ ဦးဇော်ဇော်ထွန်း ပြောကြားချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေး အဆင့်ဆင့် ရွေးချယ်ဆောင်ရွက်နိုင်ရေး လုပ်…
Jan 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် ပဌာန်းဓမ္မာရုံ တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ ကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးအဆင့်ဆင့် ရွေးချယ်ဆောင်ရွက် နိုင်ရေး လုပ်ငန်းစဉ်အား ပြည်သူများ သိရှိစေရေး ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆောင်ရွက်နေကြသော ကျန်းမာ ရေး ဝန်ထမ်းများနှင့်အဘက်ဘက်မှကူညီဆောင်ရွက်ပေးနေကြသူများကို ဂုဏ်ပြုသော အားဖြင့် မိုင်တစ်ထေ…
Jan 18,2021
အပြည့်အစုံ ဖတ်ရန်
မင်းဘူး (စက) မြို့နယ် မန်းရွှေစက်တော်၏ ဘုရားသမိုင်း
Jan 18,2021
အခါတပါး၌ နတ်ပြည်တွင် သိကြားမင်းက နတ်သားတစ်ပါးအား အမောင်နတ်သား သင်လူ့ပြည်သို့ဆင်းပြီး လူ့ပြည်တွင် မိုးလေဝသ ရာသီဥတု မှန်သလား၊ ဆန်ရေစပါးပေါများရဲ့လား စုံစမ်းဖို့ လွှတ်လိုက်လေသည်။ နတ်မင်းလည်း ကျွန်းပညိုလို့ခေါ်တဲ့ရွာမှ သူကြွယ်တစ်ဦး၏ လယ်ကွက်ထဲမှ စပါးနှံတစ်ဆုပ်ကိုယူ၍ နတ်ပြည်သို့ တက်ခဲ့လေသည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်မြို့နယ်တွင် ဆောင်းသီးနှံ (နေကြာ) စိုက်ခင်းအား ပိုးမွှားကျရောက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်
Jan 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်တိတ်နည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ ဆိပ်သာကျေးရွာ တောင်သူဦးသောင်းဟန်၏ လယ်ယာမြေကွက်တွင် စိုက်ပျိုး ထားသော ဆောင်းသီးနှံ (နေကြာ) စိုက်ခင်းအား ပိုးမွှားကျရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အင်းတော် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့ ရွှေပိုးပရဟိတအသင်းမှ သက်ကြီးဘိုးဘွားနှင့် မသန်စွမ်းသူများအား အခြေခံ စားသောက်ကုန်များ လှူဒါန်း
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိန်တောင်ကျောင်းတိုက်ဆရာတော် ဦးဆောင်သော ရွှေပိုးပရဟိတအသင်းမှ မိုးနဲမြို့ နယ်အတွင်းရှိ ကျေးရွှာများတွင် နေထိုင်လျက်ရှိသော မိသားစုဝင်မရှိ၊ ကျောထောက်နောက်ခံ သားသမီး၊ ဆွေမျိုးရင်းချာ မရှိဘဲ အသက်အရွယ် အိုမင်းခြင်းကြောင့် အင်အားရှိသလောက်နှင့် ဝမ်းရေးကိုခက်ခဲစွာ ဖြေရှင်းနေရသည့် သက်ကြီးဘိုးဘွားခြောက်ဦးနှင့် ကိုယ်အင်္ဂါ ချို့တဲ့ပြီး ဝင်ငွေလုံးဝမရှိသော၊ ကျောထောက်နောက်ခံမရှိသော မသန်စွမ်းသူ သုံးဦး စုစုပေါင်း ကိုးဦးတို့အား အခြေခံ စားသောက်ကုန်များကို ယနေ့ နံနက် ၇ နာရီ အချိန်က ကျေးရွာများအရောက် သွားရောက်လှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့၌ အိမ်မွေးတိရစ္ဆာန်များအား ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့)ထိုးနှံပေး
Jan 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ “(၂၀၁၈-၂၀၃၀)ခုနှစ်အတွင်း ခွေးရူးရောဂါ ကင်းစင်ပပျောက်ရေး” ရည်မှန်းချက်အတွက် အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့) ထိုးနှံပေးခဲ့ရာခွေး၊ ကြောင်အကောင်ရေ စုစုပေါင်း(၁၅၀)ကောင်အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်အဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (ပထမသုံးလပတ်) အတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွား(၆၃) ဦးအား ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာ အရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25492
Page
25493
Page
25494
Page
25495
Current page
25496
Page
25497
Page
25498
Page
25499
Page
25500
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department