အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2021
ကိုဗစ်-၁၉ ကာလအလွန် မြန်မာနိုင်ငံ၏ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဒီဂျစ်တယ် စနစ်သို့ ကူးပြောင်းရေး၊ SME လုပ်ငန်းများ အထောက်အပံ့ပေးနိုင်ရေး၊ အကောင်အထည်ဖော်နေသည့် ဒီဂျစ်တယ်စီမံကိန်းများ၊ SME လုပ်ငန်းရှင်များအတွက် Digital Payments နှင့် Cashless Transaction ၏ အရေးပါမှုများကို ဆွေးနွေးခဲ့ကြသည့် Enabling Digital Transformation for Myanmar SMEs during COVID-19” SME Webinar ကို ဇန်နဝါရီလ(၁၆) ရက်နေ့တွင် ကျင်းပခဲ့သည်။
Jan 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ခရိုင်အဆင့် ဦးစီးဌာန (၄)ဌာန အား ဒေသဆိုင်းဘုတ်အသစ် ဖွင့်လှစ်ခြင်းများကို ယနေ့နံနက် က သက်ဆိုင်ရာ ဦးစီးဌာနရုံးများတွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Jan 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Jan 18,2021
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ "ခွေးရူးရောဂါ ကင်းစင်ဖို့ ကာကွယ်ဆေးကိုထိုးကြစို့" အစီအစဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မွေးမြူထားသည့် အိမ်မွေးခွေးများကို အခမဲ့လိုက်လံ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
Jan 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း မြို့မဈေးမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ယနေ့ နံနက်(၈)နာရီအချိန်က ဈေးအတွင်းရှိ ဆိုင်များ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း မြို့နယ်သမဝါယမဦးစီးဌာနနှင့် အသင်းစုတို့၏ စီစဉ်မှုဖြင့် ရေငံ ကကတစ်ငါး ဒေသအခေါ်(ကပေါင်းငါး)များအား ယနေ့ နံနက်(၅)နာရီအချိန်က ကျွန်းစုမြို့မဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jan 18,2021
ရှမ်းပြည်နယ်၊ ‘‘၀” အထူးဒေသ (၂)တွင် သွားရောက် အလုပ်လုပ်ကိုင်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နေ့လယ် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် ရောက်ရှိခဲ့ကြကြောင်း သိရသည်။
Jan 18,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာများမှ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရေးရည်ရွယ်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရှမ်းပြည်နယ်) အစိုးရ၏ ၂၀၂၀−၂၀၂၁ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရံပုံငွေကျပ် (၁၈၅.၁၂၇) သန်းဖြင့် ‘‘ရွှေပွန်ချောင်း” ကုမဏီမှ တာ၀န်ယူဆောင်ရွက်လျက်ရှိသော မောက်မယ်−ဆိုက်ခေါင်သွားလမ်း မိုင်တိုင်အမှတ် (၄၁/၇)လမ်းခွဲမှ ကုန်းမလန်းကျေးရွာနှင့် နားတောင်ကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာ ချင်းဆက်လမ်းအား ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်အဆင့် တည်ဆောက်ရေးနှင့်လုပ်ငန်း စိစစ်ရေးကော်မတီဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။