Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သရက်မြို့၌ ဧရာဝတီမြစ်၏ ရေထုအရည်အသွေး စောင့်ကြည့်တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်
Jan 18,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ သရက် မြို့နယ် ဧရိယာဝန်းကျင်ရှိ ဧရာဝတီမြစ်ရေအရည်အသွေးစောင့်ကြည့်တိုင်းတာခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီက ခရိုင်ဦးစီးအရာရှိ ဦးလန်းဆန်းနှင့်ဝန်ထမ်းများအဖွဲ့မှ ဧရာဝတီမြစ် အတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ထုမြို့ဒေသတွင် ဆောင်းမြေပဲများစိုက်ပျိုး
Jan 18,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် မကွေး(၁၆ ) ဆောင်းမြေပဲ မျိုးသန့်မျိုးပွားစိုက်ခင်းအား မင်းကြည့် ကျေးရွာအုပ်စုရှိ လယ်ယာမြေကွင်းအမှတ် (၉၀) ဦးဘိုဝင်း လယ်ယာမြေတွင် သဘာဝမြေဆွေးနှင့် နွားချေးဖြင့် ရောစပ် ထည့် သွင်းကာ ထွန် ယက်ပြီး ကွန်ပေါင်း ဓာတ်မြေဩဇာများထည့်သွင်းကာ စိုက်ပျိုးထားသည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ အတည်ပြုလူနာ (၃) ဦး ဆေးရုံမှဆင်းခွင့်ရပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၂၉) ဦးထိရှိလာ
Jan 18,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ အတည်ပြု လူနာ (၃) ဦးသည် ရောဂါသက်သာ ပျောက်ကင်း၍ ယနေ့နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ရခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၂၉) ဦးထိရှိလာကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင်မြို့နယ် အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Jan 18,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို အဆိုပါဦးစီးဌာနရုံးခန်းမ၌ ဇန်နဝါရီလ ၁၈ ရက် နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် COVID-19 ရောဂါကာကွယ်ရေးအတွက် အလှူငွေများလက်ခံ
Jan 18,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး ဝန်ကြီး များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အတူ ယနေ့ နံနက်(၁၀)နာရီက တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမတွင် မုံရွာမြို့ ဘုရားကြီးရပ်ကွက်ရှိ သိန်းတရာရွှေဆိုင် မိသားစုတို့မှ COVID-19 ရောဂါကာကွယ်ရေးအတွက် ပေးအပ်သော အလှူငွေကျပ် (၁၃၄၅ ၀၀၀၀)ကိုလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖာပွန်မြို့တွင် ကြောင်လျှာဆံများ စျေးကောင်းရလျက်ရှိ
Jan 18,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသထွက် ကြောက်လျှာဆံများ စျေးကောင်းရလျက် ရှိကြောင်း ကြောင်လျှာလုပ်ငန်းလှုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်တွင် လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ် ၆၀ လုံးနှင့် မိသားစုဝင်များအတွက် တာဝန်ရှိသူများက ထောက်ပံ့ငွေများ သွားရောက်ပေးအပ်
Jan 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ တော့ဆန်(ရွာမ) ကျေးရွာတွင် ဇန်နဝါရီလ (၆)ရက်နေ့က လက်နက်ကြီးထိမှန်ခဲ့မှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၆၀ လုံးနှင့် ၎င်းတို့၏ မိသားစုဝင် (၂၉၇) ဦးတို့အတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသည့် ပစ္စည်းများနှင့် ငွေများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းနှင့် ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းထွဋ်တို့က ယမန်နေ့က တော့ဆန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ချောင်းခြားစုကျေးရွာရှိ အိမ်ထောင်စု ၁၅၀ အတွက် မြို့ပေါ်ရှိ အလှူရှင်မိသားစုမှ ဆန်နှင့်မီးဖိုချောင်သုံး စားသောက်ဖွယ်ရာများလှူဒါန်း
Jan 18,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့ပေါ်ရှိဈေးအချို့ ပိတ်သိမ်းထားသည့် အပြင်၊ ကျေးရွာမှ ပိုးတွေ့လူနာအချိူ့ရှိသဖြင့် သွားလာရေးနှင့် မီးဖိုချောင်သုံး စားသောက်ဖွယ်ရာများ ဝယ်ယူရန်ခက်အခဲဖြစ်နေသည့် ချောင်းခြားစုကျေးရွာသို့ မြို့ပေါ်အလှူရှင်မိသားစုက ယနေ့ နံနက် (၉) နာရီက ဆန်နှင့် အခြားမီးဖိုချောင်သုံးစား သောက်ဖွယ်ရာများ သွားရောက်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25494
Page
25495
Page
25496
Page
25497
Current page
25498
Page
25499
Page
25500
Page
25501
Page
25502
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department