အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကြီးကို သက်ဆိုင်ရာ မဲရုံအသီးသီး၌ ယနေ့ နံနက် ၆ နာရီမှ စတင်၍ ကျင်းပလျက်ရှိရာ မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူများက ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၃၁၃၈၄) ရှိပြီး မဲရုံပေါင်း (၃၄)ရုံရှိကာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီတွင် မဲရုံများဖွင့်လှစ်ပြီး ဆန္ဒမဲပေးလျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့် အညီ မဲရုံပရဝဏ်အတွင်းသို့ စတင်ဝင်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူများကို လက်သန့် ဆပ်ပြာရည်ဖြင့်သန့်စင်စေပြီး ပါးစပ်နှာခေါင်း စည်းအသစ်တပ်ဆင်စေခြင်းနှင့် ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့်တိုင်းတာ၍ ဆန္ဒမဲရုံသို့ဝင်ရောက် မဲပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ယနေ့ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ နေပြည်တော် တပ်ကုန်းမြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ သတ်မှတ်ထားသော စာသင်ကျောင်း၊ ခန်းမနှင့် ယာယီဆောင်များ စသည့်မဲရုံများ၌ တစ်ပြိုင်နက် ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးကြသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝှမ်းလုံး၌ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့အတွင်းရှိ မဲရုံအသီးသီးတို့တွင် ယနေ့နံနက်(၆) နာရီ မဲရုံများဖွင့်လှစ်သည့်အချိန်မှ စတင်ကာ မဲဆန္ဒရှင်ပြည်သူများက တက်ကြွ ပျော်ရွှင်စွာဖြင့် ဆန္ဒမဲများလာရောက်ပေးလျက်ရှိသည်။
Nov 08,2020
ရှမ်းပြည် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ၂၀၂၀ ပြည့်နှစ် ယနေ့ နံနက် ၆ နာရီအချိန်မှ စတင်၍ ညနေ ၄ နာရီအချိန်ထိ ဖွင့်လှစ်ထားသည့် မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်း များနှင့်အညီ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)ရှိ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်၊မဲရုံအမှတ်(၁)တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနေ့ဖြစ်သည့်
Nov 08,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနေ့ နတ်မောက်မြို့ စေျးရပ်ကွက်မဲရုံ(၁)တွင် ယနေ့နံနက်ပိုင်းက မဲရုံသို့မဲပေးလာသူပြည်သူများ ဆန္ဒမဲလာရောက် ပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ (၂၀၂၀)ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ယနေ့ နံနက်(၆)နာရီ အချိန်က သက်ဆိုင်ရာ ရပ်/ကျေး အတွင်းရှိ မဲရုံအသီးသီးတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူ လူထုများက ဆန္ဒမဲလာရောက်ပေးကြသည်။