အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2021
မွန်ပြည်နယ် အတွင်းမြို့နယ်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပြုလုပ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
Jan 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ ပရဟိတအဖွဲ့တစ်ခုဖြစ်သော အခြေခံအဆောက်အအုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JIP) တို့ ပူးပေါင်းစီမံမှုဖြင့် တည်ဆောက်လျက်ရှိသည့် ပိုင်ကျုံ-မိုးနိုင်း ချောင်းကူးတံတားကြီးအား ဒီဇင်ဘာလ(၁၉)ရက်နေ့မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်
Jan 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ဝါးရုံသာကျေးရွာအုပ်စု ရွှေလင်းတကျေးရွာ၌ လယ်ဧက (၉၅) ဧကကို အကျိုးပြုနိုင်မည့် ရေနုတ်မြောင်း စတင်တူးဖော်ခြင်းကို ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
Jan 12,2021
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Jan 12,2021
တောင်သူများအနေဖြင့် ကောက်စိုက်စက်ကို အသုံးပြုကာ စပါးစိုက်ပျိုးခြင်းအားဖြင့် လယ်ယာ လုပ်ငန်းခွင်တွင် လယ်ယာလုပ်သားရှားပါးလာမှု အခက်အခဲများ ပြေလည်စေမည်ဖြစ်ပြီး စပါးအထွက် နှုန်းများလည်း တိုးတက်လာစေမည်ဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်၊ စက်မှု လယ်ယာဦးစီးဌာနမှသိရသည်။
Jan 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ဘယ်လင်းကျေးရွာအုပ်စုနှင့် တောင်ရင်းကျေးရွာအုပ်စုတို့အား သောက်သုံးရေ ရရှိစေရေး ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများလိုက်ပါလျက်၊ ယနေ့နံနက်(၁၀)နာရီက မြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်များတွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး၊ ကျန်းမာရေးညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရေး အသိပညာပေးခဲ့ကြကြောင်း သိရသည်။