အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2021
ကော့သာင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်းကာ ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 13,2021
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကို ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
Jan 13,2021
ကရင်သက္ကရာဇ် ၂၇၆၀ နှစ်၊ ခရစ်နှစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်သော (၈၃)နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ မင်္ဂလာအခမ်းအနားကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့ အောင်မြင်သာယာ ဘုန်းတော်ကြီးကျောင်းရှေ့ကွင်းပြင်၌ ယနေ့နံနက် ၆ နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
Jan 13,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဂန့်ဂေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနသည် “ခွေးရူးရောဂါကင်းစင်ဖို့ ကာကွယ်ဆေးကို ထိုးကြစို့” အစီအစဉ်ဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 13,2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျောက်ဆည်ခရိုင် တံတားဦးမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre ၌ထားရှိသော ပြည်တွင်းမှ ပြန်လာသူများ၊ ထိစပ်လူနာများ၊ အနံ့ပျောက်သူများ၊ မြို့နယ် Covid -19 Centre ကူညီထောက်ပံ့ရေးအဖွဲ့အတွက် လိုအပ်သော နေရာများ၌အသုံးပြုနိုင်ရန် အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ယနေ့နံနက် ၈ နာရီက လာရောက် လှူဒါန်းကြကြောင်းသိရသည်။
Jan 13,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဆောင်းနေကြာသီးနှံ စိုက်ပျိုးရာသီတွင် နေကြာစိုက်တောင်သူများအနေဖြင့် ဧကပေါင်း (၆၀၀၀)ကျော် စိုက်ပျိုးပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောသည်။
Jan 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်ကပ္ပင်အုပ်စု၊ကျွဲတဲကျေးရွာ၊ အ.မ.က ညောင်ကပ္ပင်တွင် ယနေ့နံနက် ၆ နာရီအချိန်က (၈၄)နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အလံတင် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။