အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် လူစည်ကားရာ မြို့မစည်ပင်သာယာစျေးကြီး ထောင့်လေးဒေါင့်တွင် အပြင်ထွက်လျှင် Mask တပ်ပါဟု စာတန်းများ ချိတ်ဆွဲထားသော PPE ဝတ် အရုပ်လေးရုပ်အား ချိတ်ဆွဲပြုလုပ်ခြင်းကို ယနေ့နံနက် ၇နာရီက ပြုလုပ်ခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ ပြည်သူများ စည်းကမ်းလိုက်နာ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ လိုက်နာရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
Jan 12,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် နွေစပါးကို စတင်စိုက်ပျိုးလျက်ရှိရာ ယန်မန်နေ့ နံနက်ပိုင်းက စမ်းချောင်းကျေးရွာ ဦးစိန်လွင်လယ်ကွင်း၌ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုး‌ပေးခဲ့ကြောင်း သိရသည်။
Jan 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာချင်းဆက် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန်နှင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားကူးသန်း ရောင်းဝယ် ရေးတို့ လွယ်ကူကောင်းမွန်နိုင်စေရန်အတွက် လမ်းပိုင်းပျက်စီး နေမှုများအား ပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရ သည်။
Jan 12,2021
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မော်အရှေ့ရပ်ကွက် အကွက် (၄၀၅)၊ လမ်း ၉၀၊ ၄၁×၄၂ လမ်းကြားရှိ ဆောက်လက်စ သုံးထပ်တိုက်တွင် ငြမ်းထောက်အဖြစ် ထောက်ထားသော မျှောတိုင်များအား ဖြုတ်ရာ ယနေ့နံနက် (၁၀) နာရီ ခွဲအချိန်ခန့်က အလုပ်သမားတစ်ဦး အရှိန်လွန်ကာ ပြုတ်ကျမှုဖြစ်ပွားမှုကြောင့် မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ရ ကြောင်း သိရသည်။
Jan 12,2021
ရန်ကုန်အရှေ့‌ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၇၉)ရပ်ကွက်၊ ပဲခူးမြစ်လမ်းမကြီးပေါ် တွင် ယမန်နေ့ နံနက်(၉) နာရီ(၁၅)မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jan 12,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ရုံးများနှင့် ဂျပန်နိုင်ငံ ရှန်တီစေတနာ့ဝန်ထမ်း အဖွဲ့ Shanti Volunteer Association (SVA)တို့ ပူးပေါင်း ဆောင်ရွက်သော ကလေးစာဖတ်ခန်းနှင့် စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ တတိယအကြိမ် သုံးလပတ် (အွန်လိုင်း) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ် အချိန်မှ မွန်းလွဲ ၁၂ နာရီခွဲ အထိပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 12,2021
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ခူးပရာကျေးရွာရှိ ခူးပရာတောင်(ရွှေတောင်တန်း)သည် ကိုဗစ်အလွန် ကာလတွင် ခရီးစဉ်ဒေသ အသစ်တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန်အတွက် လေ့လာလျက်ရှိကြောင်း သိရ သည်။
Jan 12,2021
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန စီစဉ်မှုဖြင့် တဲကြီးမြို့မနည်းပညာ ပြန့်ပွားရေးစင်တာမှ တာဝန်ခံများနှင့် စိုက်ပညာ ပညာရှင်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဆင်တပ်ကျေးရွာ တောင်သူဦးအောင်မောင်း၏ တစ်ပိုင်တစ်နိုင် ဓာတု ကင်းလွတ် ဆောင်းသီးနှံစိုက်ခင်းတွင် ဓာတုလျော့ချ၍ သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်းများ လက်တွေ့ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြသည်။