အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင် စီမံကိန်းကျေးရွာများတွင် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်များစနစ်တကျ စွန့်ပစ်တတ်စေရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၇နာရီအချိန်ခန့်က ဆွပ်ပလောင်းကျေးရွာသို့ ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Jan 13,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနော်ပွယ်စေး သည် ဖြူးမြို့နယ်အတွင်း ကရင်လူမျိုးတိုင်းသား အများစုနေထိုင်သော ကျေးရွာများတွင် ကရင် နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိသည့်အတွက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အဖြစ်ထောက်ပံ့ငွေပေးအပ်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှုး ရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၌ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက်ကြီးကြပ်ရေး အဖွဲ့ဝင်များ ရွေးချယ်ခြင်းဆိုင်ရာ သင်တန်းကို ယမန်နေ့ ညနေ၃နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 13,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အနေဖြင့် သတ်မှတ်ချက်နှင့်အညီ ဥပဒေအကူအညီတောင်းခံလာသူများကို အခမဲ့လိုက်ပါကူညီ ဆောင်ရွက်ပေးနေကြောင်း မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ထံမှ သိရသည်။
Jan 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် နွေရာသီရေရှားပါးမှု မဖြစ်ပေါ်စေရေးနှင့် ကျန်းမာသန့်ရှင်းသော သောက်သုံး ရေရရှိရေးအတွက် ငတိုးခင်ကျေးရွာအုပ်စု၊ ငတိုးခင် (ဗမာ)ကျေးရွာ၌ ဆောင်ရွက်နေသည့် 4" စက်ရေတွင်း(တွင်းနက်) စတင် တူးဖော်လျက်ရှိရာ ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
Jan 13,2021
မွန်ပြည်နယ် ရေးမြို့နယ် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် အဆိုပြုလုပ်ငန်းလျာထားချက် ညှိနှိုင်း အတည်ပြုရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
Jan 13,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ အကြောင်း ချပြရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်နှင့် အနောက်ပိုင်းရပ်ကွက်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 13,2021
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ် ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချဝယ်ယူမှု ရှိစေရေးအတွက် ယနေ့နံနက် ၇ နာရီတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ (ယာယီ) ပျံကျဈေး၌ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။