Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်းဘွဲမြို့နယ် ပတ်ကျောရွာလေးကျေးရွာတွင် အနန္တမေတ္တာ ကွန်ကရစ်လမ်းဖွင့်လှစ်ပေး
Jan 12,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် ပတ်ကျောကျေးရွာအုပ်စု ပတ်ကျောရွာလေးကျေးရွာ အနန္တမေတ္တာ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါကျေးရွာ ကွန်ကရစ်လမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းမကြီး၊ လမ်းသွယ်တို့တွင် လျှပ်စစ်ဓာတ်ကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း
Jan 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်နိုင်နှင့် လျှပ်စစ်လိုင်းမင်းများ လုပ်သားများသည် ယနေ့ နံနက် ၉ နာရီက ခရေပင်လမ်းမကြီးနှင့် လမ်းသွယ်တို့ရှိ လျှပ်စစ် ဓာတ်ကြိုးများနှင့် ထိစပ်နေသည့် သစ်ပင် သစ်ကိုင်းများကို ခုတ်ထွင်ရှင်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်း
Jan 12,2021
ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ် ခန့်အပ်နိုင်ရေး ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၃၀)အချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၌ ပထမ(၁၀)နှစ် အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေးစီမံကိန်း၊ (၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၉-၂၀၃၀ ခုနှစ် အထိ) ဆက်စပ်ဌာနများနှင့် စီမံကိန်းလျာထားစေ့စပ်ညှိန…
Jan 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေးစီမံကိန်း၊ (၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၉-၂၀၃၀ ခုနှစ်အထိ) ပထမ(၁၀)နှစ် ဆက်စပ်ဌာနနှင့် စီမံကိန်း လျာထား စေ့စပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ဖက်ခင်းများ အထွက်နှုန်းတိုးတက်ရန် လက်ဖက်ကိုင်းဖြတ်နည်း သရုပ်ပြ
Jan 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် လက်ဖက်ခင်းများ အထွက်နှုန်း တိုးတက်စေရန်အတွက် လက်ဖက်ကိုင်းဖြတ်နည်း သရုပ်ပြသခြင်းနှင့် သဘာဝမြေသြဇာ အသုံးပြုနည်းများကို ယနေ့နံနက်(၁ဝ) အချိန်ခန့်က ဈေးရပ်ကွက်နေ ခြံရှင် ဦးထွေး၏ လက်ဖက်ခင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် (EM)ဘိုကာရှီ ကောက်ရိုးမြေဆွေးပုံ ပြုလုပ်သုံးစွဲ
Jan 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် နွေစပါးရာသီတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဓာတုသွင်းအားစု လျော့ချရေး လုပ်ငန်းစဉ်ဖြစ်သော (EM) ဘိုကာရှီ ကောက်ရိုးမြေဆွေးပုံ ပြုလုပ်သုံးစွဲခြင်းအား ကော့ကပ်ကြီးကျေးရွာအုပ်စု တောင်သူ ဦးကျော်စိုးထွန်း၏ နွေစပါးစိုက်ခင်းကွင်းအမှတ် (၁၆၆၅) တွင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်၌ (အ.ထ.က) ဘတ်စကက်ဘောကွင်း၊ အားကစားကွင်း စကိုးဘုတ်၊ မုခ်ဦးနှင့်သံပန်းတံခါး ဆောင်ရွက်ပြီးစီးမှုများအား တာဝန်ရှိသူများစစ်ဆေး
Jan 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ (အ.ထ.က) ဘတ်စကက်ဘောကွင်း၊ အားကစားကွင်း စကိုးဘုတ်၊ မုဒ်ဦးနှင့် သံပန်းတံခါးဆောင်ရွက်ပြီးစီးမှုများအား တာဝန်ရှိသူများက ယမန်နေ့ညနေ (၃)နာရီအချိန် က မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားနှင့်ကယာပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်ဌေးနှင့် ဝန်ထမ်းများက လုပ်ငန်းပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27775
Page
27776
Page
27777
Page
27778
Current page
27779
Page
27780
Page
27781
Page
27782
Page
27783
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department