အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2020
မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး အား သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် မျက်နှာကျက်တော် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါစေတီတော်မြတ်ကြီးရင်ပြင်တော်၌ ကျင်းပသည်။
Nov 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ‌၊ရေဦးမြို့နယ် ပင်စိမ်းကင်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြင့် ဆောင်ရွက်ထားရှိသောလုပ်ငန်းများအား ယမန်နေ့နံနက်(၈)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ရေဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Nov 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ် ခရိုင်မြေအသုံးချတာဝန်ခံ ဒေါ်သူဇာဌေး၊ ခရိုင် မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်း၊မြေ၊မျိုး၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဇာခြည်ဦး၊ မြို့နယ်ရုံးမှ ဝန်ထမ်းများသည် မင်းတဲကြီးကျေးရွာမှ ဦးဇော်လတ်နှင့် ဇီးခုံကျေးရွာ ဦးကျော်ညွှန့် တို့၏ CERP မျိုးစေ့ထုတ်ကွက်များသို့ ယမန်နေ့ နံနက်ပိုင်းက မျိုးကွဲ နုတ်ပယ်ခြင်းနှင့် သီးနှံကာကွယ်ရေး ပိုးမွှား၊ ရောဂါကျရောက်မှု ရှိမရှိ တတိယအကြိမ် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 15,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပလောက်မြို့ ၊ အမှတ်(၁)ရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား စတုတ္ထအကြိမ်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီခွဲအချိန်ခန့်က ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၊ ရွှေသီလာရတနာ ခန်းမ ၌ ပြုလုပ်ခဲ့သည်။
Nov 15,2020
ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ရှိ မြေပဲစိုက်တောင်သူများသည် ယခုအချိန်၌ လေးလမြေပဲများ စတင် နှုတ်ဖော်ခြွေယူလျက်ရှိရာ ဈေးကွက်အတွင်းပိုမိုတင်ပို့နိုင်ရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက် ရှိကြောင်း ငါ့သရောက်မြို့နယ် မြေပဲစိုက်တောင်သူများထံမှ သိရသည်။
Nov 15,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေကို အထောက်အကူဖြစ်စေမည့် မြေအောက်ရေတွင်း (၄၀)တွင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တူးဖော်ပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းမြင့် ထံမှ သိရသည်။
Nov 15,2020
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦး ကျော်စိုး၊ပြည်နယ်ရဲမှူးကြီး သန်းဝင်းတို့နှင့်အတူ ယမန်နေ့နံနက်( ၉)နာရီအချိန်က ကမမောင်းမြို့၊ အမှတ်(၄)ရပ်ကွက် ကိုးနဝင်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဝိဇာတဓမ္မာရုံ ခန်းမသို့ ရောက်ရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်​ထောင်စုများအား နိုင်ငံတော်အစိုးရမှ​ထောက်ပံ့သည့် (စတုတ္ထအကြိမ်) ထောက်ပံငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Nov 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြီးမှူးကျင်းပပြုလုပ်သည့် ကြက်ခြေနီဆိုင်ရာ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ကြက်ခြေနီကြီးကြပ်ရေးကော်မတီဥက္ကဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်မျိုးထက် နှင့်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးတိုးလှတို့က အမှာစကား အသီးသီး ပြောကြားခဲ့သည်။