Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒေါတမကြီးကျေးရွာအုပ်စုအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၁၅၁) စုအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Nov 15,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရေးအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဒေါတမကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအား ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ် အမှတ်(၃)ရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ လက်ဝယ်ရာအရောက် ထောက်ပံ့ပေးအပ်
Nov 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ စတုတ္ထ အကြိမ်ထောက်ပံ့လျက်ရှိရာယမန်နေ့ နံနက်(၉)နာရီက အမှတ်(၃)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု (၂၀၅) စုအတွက် ထောက်ပံ့ငွေကျပ် (၈၂) သိန်းကို ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Nov 14,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ် အရ စိုက်ပျိုးသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းနှင့် မိုးစပါးစံကွက် ရိတ်သိမ်း
Nov 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ၊မန်ဟဲကျေးရွာအုပ်စု ၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာဖြစ်သော နားခဲကျေးရွာရှိ တောင်သူဦးထွန်းမြတ်၏စိုက်ခင်းတွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှု(CERP)အရစိုက်ပျိုးသောမိုးစပါး(RS-CS)မျိုးစေ့ထုတ် စိုက်ခင်းနှင့်DU12မျိုး မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၆)ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ပြု
Nov 14,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ (၄၈) ဦးရှိခဲ့ရာ နောက်ဆုံးကျန်ရှိသည့် (၆) ဦးမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်တွင် မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection) ဆောင်ရွက်
Nov 14,2020
မကွေးတိုင်ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော မွန်ဇော်ကျေးရွာအုပ်စုရှိ မျိုးစေ့ထုတ်စိုက်ခင်း (၃၇)ဧကတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection)ကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် လွတ်လပ်သော ရွေးကောက်ပွဲအတွက် အာရှကွန်ယက် အဖွဲ့မှ ကိုဗစ်-၁၉ ပိုးတွေ့သူနှင့် ထိတွေ့ခဲ့သော ကော်မရှင်အဖွဲ့ဝင်များအား ဒုတိယ အကြိမ် နှာခေါင်းတိ…
Nov 14,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်သို့ အထွေထွေရွေး ကောက်ပွဲနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာရန် လာရောက်ခဲ့သော အာရှကွန် ယက်အဖွဲ့မှ ဖိလစ်ပိုင် နိုင်ငံသူနှင့် စကားပြန်တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သောကြောင့် ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ဒုတိယအကြိမ် နှာခေါင်းတို့ပတ်၊အာခေါင်တို့ပတ် ရယူစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်၊ အောင်းပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် သိန်း ၅၁၀ ပြန်လည်ထုတ်ချေး
Nov 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများ ဆင်းရဲမှု လျော့ချရေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း(၃၅)ရွာ ယူနစ်ပေါင်း (၂၁) ယူနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အောင်းပင် ကျေးရွာ၌ ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28269
Page
28270
Page
28271
Page
28272
Current page
28273
Page
28274
Page
28275
Page
28276
Page
28277
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department