အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Stay At Home သတ်မှတ်ထားစဉ် ကာလအတွင်း သီလရှင် ဆရာလေးများ ဆွမ်းကိစ္စအစဉ်ပြေစေရန်အတွက် စန္ဒဘယ‌ဆေး မိသားစုမှ ဦးဆောင်ပြီး တိုင်းရင်းဆေးမိသားစုများ၊ မေတ္တာပြည့်ဝ သာသနာပြုအသင်း၊ နှစ်ဦး ဓမ္မသဘင် အလှူရှင်မိသားစုများနှင့် တိုင်းကြက်ခြေနီ အသင်းတို့ စုပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့မရပ်ကွက်ရှိ ပညာသိင်္ဂီ သီလရှင်စာသင်တိုက်သို့ ဆွမ်းဆန်စိမ်းနှင့် စားသောက်ကုန်များ ဆက်ကပ်လှုဒါန်းခဲ့ကြောင်း သိရသည်။
Nov 15,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်း၏ အမှတ် ၈ ရပ်ကွက်၊ နယ်မြေ ၁၀ ရှိ နေအိမ်အား ယ‌နေ့ နံနက် ၁ နာရီ အချိန်ခန့်က လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Nov 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ ကိုဗစ်−၁၉ ရောဂါ ကာလ အတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခ စားသောက်ကုန် (၈) မျိုးတို့ကို ယနေ့ နံနက် ပိုင်းက နှလုံးသားပရဟိတအဖွဲ့မှ အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြသည်။
Nov 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာ ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပုလဲမြို့နယ် အတွင်းရှိ မဲရုံများ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Nov 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ခုတင် ၃၀၀ ဆံ့ဆေးရုံ (တိုင်းရင်းဆေးရုံ)နှင့် ပြည်သူ့အငှား အိမ်ရာ(အိတ်စွပ်)ရှိ အထူးကြတ်မတ်ဆောင်တွင် ဆေးကုမှုခံယူနေကြသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ (၆) ဦးတို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေးကောင်းမွန် သောကြောင့် ယမန်နေ့ မွန်းလွဲပိုင်း ၁ နာခွဲအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
Nov 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထကြိမ်မြောက် ပေးအပ်ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက ပြည်သူတို့ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြသည်။
Nov 15,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထူးရဲများ အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ယနေ့ နံနက် ၉ နာရီ အချိန် ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2020
ပဲခူးမြို့ သီရိဟံသာခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များ အဖွဲ့သို့ ကူညီပါဝင်ဆောင်ရွက်ပေးသူများအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။