အမြို့မြို့အနယ်နယ်သတင်းများ

Nov 14,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ ကိုဗစ်ကာလအတွင်း
Nov 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ထမ်းဆောင်ခဲ့ကြသည့် ဌာနအသီးသီးမှဝန်ထမ်းများအား ဂုဏ်ပြုပွဲ အခမ်း အနားကို ယမန်နေ့ နေ့လယ် ၁၂နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇာတိမာန် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများ ဆင်းရဲ မှုလျော့ချ ရေးလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် မြစိမ်း ရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း(၃၅)ရွာ ယူနစ် ပေါင်း(၂၁) ယူနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က အောင်းပင် ကျေးရွာ၌ ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်း အခမ်းအနားကို ကျင်းပပြု လုပ်ခဲ့ ကြောင်း သိရသည်။
Nov 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့ ၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများ၏ အိမ်ထောင်စုများအား နိုင်ငံတော်က စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းများအပေါ် ဆက်လက်ထောက်ပံ့ခြင်းများကို အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉နာရီခွဲက ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Nov 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူတွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ရပ်ကွက်/ကျေးရွာ များတွင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။
Nov 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အရှိန်အဟုန်မြှင့်၍ ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရာ မြို့ဝင်/မြို့ထွက် နေရာများ တွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ကာ ကျန်းမာရေးစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်နေ လျက်ရှိကြသည်။
Nov 14,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအိမ်ထောင်စုများသို့ နေအိမ်သုံး Solar နှင့် ဆက်စပ်ပစ္စည်းများထောက်ပံ့ခြင်းနှင့်ဆွမ်ပရာဘွမ် အ-ထ-က သို့ ပညာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က မြို့နယ် ဘန်ရူခန်းမ၌ ကျင်းပသည်။
Nov 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်မှ တစ်အိမ် ထောင်လျှင် ငွေကျပ်(နှစ်)သောင်းအား စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ ပေးအပ်ရာ ယနေ့ နံနက်ပိုင်းတွင် နမ့်ဟူးလွယ်ကာ ကျေးရွာအုပ်စု အတွင်းရှိ အိမ်ထောင်စု များအား အိမ်တိုင် ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့သည်။