အမြို့မြို့အနယ်နယ်သတင်းများ

Nov 12,2020
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်းအခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် အိမ်ထောင်စု တစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းနှင့် Stay at Home သတ်မှတ်ထားသည့် မြို့နယ်ဖြစ်သဖြင့် ကျပ်(၂၀၀၀၀) စုစုပေါင်း အိမ်ထောင်စုတစ်စုလျှင် ကျပ်(၄၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 12,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ၀င်းဖရကျေးရွာနှင့် ရွာကိုင်းကောင်းကျေးရွာ အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူ တန်းစားအိမ်ထောင် စုများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် ပဉ္စမအကြိမ် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက တာ၀န်ရှိသူများက အိမ်တိုင်ရာ ရောက် လိုက်လံ ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 12,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် (KKBA) ခရစ်ယာန်လူမှု၀န်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာန၏ ပူးပေါင်းမှုဖြင့် (CDN) နယ်သာလန်အခြေစိုက် နိုင်ငံတကာ ခရစ်ယာန်လူမှုရေးအသင်းမှ ကိုယ့်အားကိုယ်ကိုး လူမှု၀န်းကျင်မြှင့်တင်ခြင်း စီမံကိန်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 12,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရပ်ကွက်/ကျေးရွာ အသီးသီးတို့ရှိပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၈၆၈၄)စုတို့အတွက် နိုင်ငံတော်မှ(စတုတ္ထ) အကြိမ်၊ ထောက်ပံ့ ငွေ(၂၀၀၀၀)ကျပ်စီအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၂နာရီခွဲအချိန် မြို့နယ်အထွေထွေအုပ်
Nov 12,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသနေသော ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ(၆)ဦး ရောဂါထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရဘဲ သက်မှတ် ကုသစောင့် ကြည့်ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက်(၁၁)နာရီက ဆေးရုံမှဆင်းခွင့်ပြု လိုက်ကြောင်း သိရှိရသည်။
Nov 12,2020
ပြည်ကြီးတံခွန်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက် ညနေပိုင်း က မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
Nov 12,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား နှာခေါင်းစည်း(Mask)များ တတိယအကြိမ်မြောက် ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်၁၁နာရီက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၄၀)၊ မန္တလေးတိုင်းရင်းဆေး တက္ကသိုလ်ရှိ အစည်းအဝေးခန်းမရှေ့တွင် ပြုလုပ်သည်။