အမြို့မြို့အနယ်နယ်သတင်းများ

Nov 12,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေ များ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
Nov 12,2020
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များကို ပြည်သူများ သိရှိနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်သည်။
Nov 11,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ များ ပေးအပ်လျက်ရှိရာ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်လေးသောင်းစီ ထောက်ပံ့ပေးအပ်မှုများအား ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့နယ်အတွင်းရှိ ရပ်ကွက်(၃၅) နှင့် (၃၈) ရပ်ကွက်တို့တွင် အခြေခံ လူတန်းစားအိမ်ထောင်စုများအား  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ် မှူးများမှ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
Nov 11,2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း အခြေခံလက်လုပ်လက်စားပြည်သူများ၏ စားသောက်ရေး အခက်အခဲရှိသော  ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်ရှိ  အခြေခံအိမ်ထောင်စု ၁၈၀ အတွက် အခြေခံစားသောက်ကုန်များကို ယနေ့မွန်းလွဲ ၂ နာရီခန့်က ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့မှ  ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အလှူရှင်များနှင့်အတူ ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။
Nov 11,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးစုစုပေါင်း အထွက်နှုန်း မှန်ကန် စွာ သိရှိနိုင်ရေးအတွက် ဇီးကုန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ စံကွက်ရိတ် သိမ်းခြင်းကို ယနေ့ နံနက်က သစ်နဖားကျေးရွာအုပ်စု တွင် ဆောင်ရွက်ခဲ့ကြသည်။
Nov 11,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။
Nov 11,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ(၁၆၅)ဦးရှိပြီး ကုတင် ၁ဝဝ ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတွင် ကုသဆဲလူနာ(၇၃)ဦး ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းသူ (၉၂)ဦးရှိပြီဖြစ်သည်။
Nov 11,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ အချိန်မီထောက်ပံ့ပေး နိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။