အမြို့မြို့အနယ်နယ်သတင်းများ

Nov 11,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ အမှတ်(၂)ဈေးကုန်းရပ်ရှိ မြနန္ဒာသောက်ရေကန်ကြီး နိုဝင်ဘာလ ၂ ရက်နေ့ကရွာသွန်းခဲ့သည့်မိုးကြောင့် ရေကန် တစ်ဝက်ခန့်အထိ မိုးရေများဝင်ရောက် ခဲ့ကြောင်း သိရသည်။
Nov 11,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ အိမ် ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွား​နေသည့်
Nov 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးသော ပုံမှန်ဝင်ငွေနည်းပါးသည့် အခြေခံ လူတန်းစားများအား ပဉ္စမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေးအတွက် ရပ်ကွက် ကျေးရွာအုပ်စုထောက်ပံ့ငွေပေးအပ်ရေးအဖွဲ့ထံသို့ ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ် ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 11,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးခဲ့၍ မဲရုံများတွင်အသုံးပြုခဲ့သော မဲပုံးနှင့် ဆက်စပ် ပစ္စည်းများကို ယနေ့နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံသို့ လာရောက်အပ်နှံ လျက်ရှိကြောင်းသိရသည်။
Nov 11,2020
  ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ရောဂါကူးစက်မှုများပြားလာသဖြင့် ပြည်သူများ လူစုလူဝေး  မပြုလုပ်ရန်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များအား ယမန်နေ့ညပိုင်းတွင် မြို့နယ်အတွင်း ရပ်ကွက်အလိုက် လိုက်လံနိုးဆော် အသိပေးခဲ့ကြောင်း သိရသည်။
Nov 11,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
Nov 11,2020
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်ငွေကျပ်(၂၈)သိန်း တန်ဘိုးရှိ (PAPR) အသက်ရှူစက် ၄ လုံးကို ယနေ့ နံနက်(၉)နာရီက စေတနာရှင်မိသားစုများက တိုက်ကြီးမြို့နယ် ဆေးရုံကြီး အစည်းအဝေးခန်းမ၌ လှူဒါန်းရာ ဆေးရုံးအုပ်ကြီး ဒေါက်တာဦးသန်းမြင့်က လက်ခံယူပြီး မှတ်တမ်းဂုဏ်ပြုလွှာ များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Nov 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင်-၃၀၀ဆံ့ဆေးရုံကြီး တိုင်းရင်းဆေးရုံတွင် ဆေးကုသ မှုခံ ယူနေသည့် ကိုဗစ်-၁၉အတည်ပြုလူနာ (၆)ဦးတို့သည် ကျန်းမာကောင်းမွန်သောကြောင့် ဒီကနေ့ နံနက်ပိုင်းမှာ ဆေးရုံကဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။