Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုဗ္ဗသီရိမြို့နယ် ပြည်လုံးချမ်းသာ(နေရောင်ပြအင်း)စေတီတော်အနီး၌ အလျား ၈ ပေခန့်ရှိသော စပါးအုံးမြွေတစ်ကောင်တွေ့ရှိ
Nov 11,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ၊ ပြည်လုံးချမ်းသာ (နေရောင်ပြအင်း)ဘုရားအနောက်ဘက်ရှိ ဆင်ရတနာရုပ်တုအနီးတွင် နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းက လုံးပတ် ၁၀ လက်မခန့်နှင့်အလျား ၈ ပေခန့်ရှိသော စပါးအုံးမြွေတစ်ကောင်တွေ့ရှိ၍ စေတီတော်ဂေါပကအဖွဲ့မှ ထိန်းသိမ်းထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ရန်ကုန်မြို့မှ ဝင်ရောက်လာသည့်ကုန်တင်သင်္ဘောများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ
Nov 11,2020
ကော့သောင်းမြို့သို့ ရန်ကုန်မြို့မှ ဝင်ရောက်လာသည့် ဆီအုန်းကုမ္ပဏီပိုင် MV.-527 ကုန်တင်သသင်္ဘော ပေါ်မှ သသင်္ဘောသားလေးဦး ကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာဖြစ်သည့် အနံ့ပျောက်သည့်ဖြစ်စဉ် များဖြစ်ပွားနေသဖြင့် ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ Quarantine Center တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit စနစ်ဖြင့် ကိုဗစ်ရောဂါ ပိုးကူးစက်မှု ရှိ/မရှိစစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ယနေ့ကိုဗစ…
Nov 11,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေး မြို့ရှောင်လမ်း ထိပ်တွင် အောက်တိုဘာလ(၁၁)ရက်နေ့မှ စတင်ပြီး မြို့နယ်အတွင်း ဝင်ရောက်ဖြတ်သန်းခဲ့သည့် ကုန်တင် ယာဉ်များမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ယနေ့မော်တော် ယာဉ်(၉၅)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၁၅၀)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရမှု ရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူ(၁)ဦး ထပ်မံတွေ့ ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့တွင် နှာခေါင်းစည်း(Mask) မတပ်သူများအား ဒဏ်ကြေးငွေပေးဆောင်သည့်အစီအစဉ် ဆောင်ရွက်ခြင်းကြောင့် နှာခေါင်းစည်းတင်ဆင်သူများ ပိုမိုများပြားလာ
Nov 11,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီ၏ဦးဆောင်မှုဖြင့် နှာခေါင်းစည်း(Mask) မတပ်သူများအား ဒဏ်ကြေးငွေပေးဆောင်သည့် အစီအစဉ် ဆောင်ရွက်ခြင်းကြောင့် နှာခေါင်းစည်းတင်ဆင်သူများ ပိုမိုများပြားလာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့ရှိ တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်များ ထုတ်ချေး
Nov 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် လက်ခုပ်ပင်ကျေးရွာအုပ်စုရှိ တောင်သူများအတွက် စိုက်ပျိုးစရိတ်များထုတ်ချေးပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းရာသီသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
Nov 11,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းရာသီသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို၊ ယမန်နေ့ စတင်၍ အဆိုပါရုံးတွင် စတင်ထုတ်ချေးပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် အခြေခံလူတန်းစားများအတွက် စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်
Nov 11,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါလေမြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်
Nov 11,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီက ဝေါလေမြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28300
Page
28301
Page
28302
Page
28303
Current page
28304
Page
28305
Page
28306
Page
28307
Page
28308
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department