အမြို့မြို့အနယ်နယ်သတင်းများ

Nov 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် လက်ခုပ်ပင်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့(ယနေ့) နံနက် ၁၀:၃၀ မီနစ်အချိန် ဝန်းကျင်ခန့်က သဲသောင်ပြင်တွင် ရပ်နားထားသော ဆီသည်ရေယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွားနေကြောင်း မုံရွာခရိုင် မီးသက်ဦးစီး ဌာနရုံးမှ သိရသည်။
Nov 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက ဌာနဆိုင်ရာတာဝန်ရှိသူတို့က ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
Nov 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည်မြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များအား နေ့စဉ် ကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Nov 11,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပတ်ကျောကျေးရွာ လူငယ်အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေများကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်း နေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နေအိမ်ပြင်ပသွားလာ၍ အလုပ်လုပ်နေကြသူများ၊ ကျန်းမာရေးကိစ္စဖြင့် မဖြစ်မနေ သွားလာ နေကြသူများနှင့် စျေးဝယ်ထွက်ကြသူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက် ၈ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 11,2020
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် လက်ရှိဖွင့်လှစ်ထားသော Facility Quarantine Center(၂)ခု စောင့်ကြည့် ခံရသူများဖြင့် ပြည့်နေသည့်အတွက် ယမန်နေ့ညနေ ၃ နာရီက ချောင်းသာမြို့ အမှတ်(၂)ရပ်ကွက်ရှိ အ.မ.က(၈)RC-နှစ်ထပ် ကျောင်းဆောင်ကို Facility Quarantine Center အဖြစ် တိုးချဲ့ဖွင့်လှစ် လိုက်ကြကြောင်း သိရသည်။
Nov 11,2020
လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း ဈေးသည်များအား ကျန်းမာရေးနှင့်အညီ စနစ်တကျ ရောင်းချကြရေး စည်းကမ်းထိန်းသိမ်းခြင်းနှင့် ဈေးဝယ်ပြည်သူများ Stay at Home ကာလ၌ မလိုအပ်ဘဲနေ အိမ်ပြင်ပသို့ သွားလာခြင်း မပြုကြရန် အသိပညာ ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဦးနှင့် အဖွဲ့ဝင်များ၊ ဈေးတာဝန်ခံတို့က ဘုရားကြီးရပ်ကွက် အခွန်လွတ်ဈေးနှင့် ဒဂုံရိပ်သာဈေးတို့၌ ဆောင်ရွက်ကြောင်း သိရသည်။
Nov 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့သည် ဒေသထွက်သီးနှံ ပြောင်းအများဆုံး ထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ပြောင်းရောင်းဝယ်ခြင်းလုပ်ငန်းကိုလည်း အဓိကထား လုပ်ကိုင်လျက်ရှိသည်။