Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တံတားဦးမြို့နယ်တွင် ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေး လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသောမဲစာရင်းအား အတည်ပြုလက်မှတ်ရေးထိုး
Nov 09,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ကြေညာနိုင်ရေးအတွက် လွှတ်တော်အသီးသီးတွင် အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီရရှိသော ခိုင်လုံမဲများ ပြုစုထားသော ပုံစံ (၁၉)နှင့် ပုံစံ(၁၉-က) စာရင်းများကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် သက်ဆိုင်ရာတာဝန်ရှိသူများက လက်မှတ်ရေးထိုးအတည်ပြုကြသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်းရှိ နေရပ်ပြန်ပြည်သူများအား လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေး၌ နေရပ်ပြန်ပြည်သူတစ်ဦးသေဆုံးလျက်တွေ့ရှိ
Nov 09,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်း၌ တရုတ်နိုင်ငံဘက်မှ ပြန်လည် ရောက်ရှိလာကြသည့် နေရပ်ပြန်ပြည်သူများကို ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပြန်လည် လက်ခံပြီး စနစ်တစ်ကျနေရာချထားလျက်ရှိရာ တရုတ်နိုင်ငံဘက်မှ ယမန်နေ့၊ ည(၁၀)နာရီခွဲ အချိန်ခန့်က မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်းသို့ ရောက်ရှိ လာသူ အမျိုးသား တစ်ဦးကို နံနက်(၇)နာရီအချိန်ခန့်က သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း မူဆယ်မြို့၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးဆပ်ကော်မတီထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့နယ်မှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေးအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုး
Nov 09,2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ ဆန္ဒမဲရလဒ်များအား ထုတ်ပြန်ကြေညာနိုင်ရေးအတွက် နိုင်ငံရေးပါတီကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုးခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ကောင်းမွန်တိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့် စစ်ဆေးရာမှ ယာဉ်နောက်လိုက်တစ်ဦး…
Nov 09,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မကွေးတိုင်းဒေသကြီးဘက်မှ အဝင်ဖြစ်သည့် ကောင်းမွန်းတိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့် စစ်ဆေးလျက်ရှိရာ၊ ယနေ့ မွန်းလွဲ(၁:၄၅)နာရီခန့်က ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိရသဖြင့် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ် မြိုင်ဇေယျာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ ငွေကျပ်သိန်း ၁၀၀ ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပ…
Nov 09,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာကျေးရွာတွင် မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းလမ်းများ ကို ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာအိမ်ခြေ(၇၈)အိမ်၊ လူဉီးရေ (၃၅၀) ကျော်တို့အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့တွင် များစွာအကျိုးပြုနိုင်တော့မည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်၏ ရွေးကောက်ပွဲမဲရလဒ်အဖြေများအား ထုတ်ပြန်ကြေညာနိုင်ရန် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုး
Nov 09,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲ ဘားအံမြို့နယ်၏ မဲရလဒ်အဖြေများကို ထုတ်ပြန်ကြေညာနိုင်ရန် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဘားအံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော် ပြည်သူ့ဆေးရုံကြီး၌ ကုသပေးလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ လူနာ(၄)ဦး အား ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြု
Nov 09,2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာဖြစ်သည့် ဒီးမော့ဆို မြို့နယ်၊ ရူးဖဲခူရပ်ကွက် မှ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်နေ
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွက် ရုပ်ပြစာအုပ်မျိုးစုံ လာရောက်လှူဒါန်း
Nov 09,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ရှမ်းပွဲရပ်ကွက်နေ အလှူရှင်ဦးတင်ကြိုင်+ ဒေါ်ခင်သိန်း (မိသားစု)မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်သားမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွက် ကလေးရုပ်ပြစာအုပ်မျိုးစုံကို ယနေ့ နေ့လယ်(၁)နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28307
Page
28308
Page
28309
Page
28310
Current page
28311
Page
28312
Page
28313
Page
28314
Page
28315
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department