အမြို့မြို့အနယ်နယ်သတင်းများ

Nov 10,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင်  နေအိမ်ပြင်ပထွက်ခွာသွားလာသူများ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် လသာမြို့နယ်ရှိ လူစည်ကားရာနေရာ များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Nov 10,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျောက်စုကျေးရွာ မြစိမ်းရောင် စီမံကန်း အဋ္ဌမအကြိမ် ပြန်လည် ထုတ်ချေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Nov 10,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတား မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက် မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီး ဟင်းရွက် စားသောက်ကုန်များအားပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယနေ့ နံနက် ပိုင်း(၇)နာရီမှ (၁၀)နာရီထိ ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
Nov 10,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေး၊ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်အသုံးပြုကြရေးအတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဥသျှစ်ပင်မြို့မစျေးတို့တွင် ဆောင်ရွက်ခဲ့သည်။
Nov 10,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ် ရန်ပုံငွေဖြင့်
Nov 10,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စု၊ ဝမ်ဆတ်ကျေးရွာတွင် မိုးစပါးစံကွက်အထွက်နှုန်းရရှိရေးအတွက် စံကွက်ရိတ်သိမ်းခြင်းကို CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းအား ကာလိမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့် ဝန်ထမ်းများတို့က ယနေ့နေ့လယ်(၁၁)နာရီအချိန်ခန့်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။