အမြို့မြို့အနယ်နယ်သတင်းများ

Nov 10,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၁၉-၂၀၂၀ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို စိုက်ပျိုး ရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ပူးပေါင်းပြီး တောင်သူ ဦးလျန်ခန့်ခိုင်၊ ဦးထန်ဆွင်းငင့်နှင့် ဦးပေါင်လမ့်ကျင့်တို့၏ လယ်ဧက(၆)ဧကတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က စံကွက်ရိတ်သိမ်းခြင်း စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 10,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာသစ် (၁၆)ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီး ရန်ကုန်ပြန်များဖြစ်ကြောင်း မြို့နယ် Covid-19 ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြု ပြောကြားသည်။
Nov 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် CERP အစီအစဉ်ဖြင့် စီးပွားဖြစ်မိုးစပါး မျိုးသန့် မျိုးစေ့ထုတ်ကွက်စိုက်ပျိုးထားသော ဝင်းကြီးအုပ်စု၊ ကွင်းအမှတ် (၁၂၆၅)၊ ဦးပိုင်အမှတ်(၃၆)၊ တောင်သူ ဦးညိုဝင်း၏ ဆင်းဧကရီ-၃ စိုက်ခင်း(၈)ဧက၌ ၀.၁၀(၆၆'×၆၆')စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ က ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧကအစိုထွက်နှုန်း ၁၁၀ တင်းထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Nov 10,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့နယ် ပျဉ်းခုံကြီးစိုက်ပျိုးရေးစင်တာနယ်မြေအတွင်းရှိ စပါးစိုက်ခင်း များအတွင်း ပိုးမွှားကျရောက်မှုရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စိုက်ပျိုးရေး စင်တာမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင်ကွင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Nov 10,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းပထမနှစ်အဖြစ် လျှပ်စစ် မြစ်ရေတင်စီမံကိန်း(၃)ခုကို အကောင်အထည်ဖော်တည်ဆောက်ပေးနိုင်ရန် စီစဉ် လျက်ရှိကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီး ဌာန (ရေအရင်းအမြစ်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းမြင့်ထံမှ သိရသည်။
Nov 10,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင်(၃၀၀)ဆံ့ဆေးရုံကြီး(တိုင်းရင်းဆေးရုံ)တွင် ဆေးကုသမှု ခံယူ နေသည့် အသက်(၇၆)နှစ်အရွယ်အမျိုးသားအပါအဝင် အတည်ပြုလူ (၅)ဦးတို့ဟာ ဆေးရုံဆင်း သတ်မှတ် ချက်များအရ ကျန်းမာရေးကောင်းမွန်သောကြောင့် ယနေ့နံနက် ၁၀နာရီအချိန်ခန့်က ဆေးရုံ မှဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
Nov 10,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပြသဆောင်ရွက် ထားကြောင်း သိရသည်။
Nov 10,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့တွင် လတ်တလောဖြစ်ပွားနေသော ဆုံဆို့နာရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပုံပါကျင်ကျေးလက်ကျန်းမာရေးဌာတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။