Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁၂) Quarantine Centre တွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံများ လှူဒါန်း
Nov 10,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အဓိကလိုအပ်လျက်ရှိသည့် PPE ဝတ်စုံများကို ယမန်နေ့ နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဇ) ရပ်ကွက်၊ စေတနာရှင်အသင်းသို့ အလှူရှင်များ ပူးပေါင်း၍ လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Nov 10,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြို့မရဲစခန်းရှေ့၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ အသက် (၁၅) နှစ်အောက် ကလေးငယ်များကို ဆုံဆို့နာကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Nov 10,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် အသက် (၁၅) နှစ်အောက် ကလေးငယ်များကို ဆုံဆို့နာကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၊ နမ့်မော်ပျဉ်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့
Nov 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ စုံလောကျေးရွာအုပ်စု၊ နမ့်မော်ပျဉ်ကျေးရွာ ဒေါ်မေယု နေအိမ်၌ အောက်တိုဘာလကုန်ရက်က ဘုရားမီးပူဇော်ထားပြီး အိပ်ပျော်သွားရာ မီးလောင်သဖြင့် ၎င်း၏အိမ် အပါအဝင် ကျေးရွာအတွင်း နေအိမ် ၃ လုံး မီးကူးစက်လောင်ကျွမ်းခဲ့မှုအပေါ် ယမန်နေ့ နေ့လယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးအကူအညီဖြင့် လွှဲပြောင်းလာသည့် နေရပ်ပြန်ပြည်သူ(၉၀)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်
Nov 10,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးအကူအညီဖြင့် လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၉၀)ဦးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် ယမန်နေ့၊ ညနေ(၄)နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Nov 10,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှ ကြက်ခြေနီစေတနာ့ဝန်ထမ်း(၆)ဦး ရန်ကုန်တိုင်းဒေသ ကြီး ရှိ ကိုဗစ် - ၁၉ တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရန် သွ…
Nov 10,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့ ဝန်ထမ်း (၆)ဦးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်း များတွင် တာဝန်ထမ်း ဆောင်ရန်အတွက် ယမန်နေ့တွင် ပွင့်ဖြူမြို့နယ်မှ ရန်ကုန်တိုင်း ဒေသကြီးသို့ သွားရောက် မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင် ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့ (Facility Quarantine Centre)၌ ပြည်ပပြန်များနှင့်နေရပ်ပြန်များ၏ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် နှာခေါင်းတို့ဖတ်ဓာတ်ခွဲနမူနာများ ရယူ…
Nov 09,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ (Facility Quarantine Centre)၌ ပြည်ပပြန်များနှင့် နေရပ်ပြန်များ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် Quarantine ဝင်ရောင်နေသူ (၈) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေး နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာများရယူမှုကို နိုဝင်ဘာ(၉) ရက် နံနက် (၉) နာရီခန့်က မြို့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံကျန်းမာရေး ဆရာမ ဒေါ်စုသက်မွန်ဦးဆောင်သော တာဝန်ရှိသူများက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28306
Page
28307
Page
28308
Page
28309
Current page
28310
Page
28311
Page
28312
Page
28313
Page
28314
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department