အမြို့မြို့အနယ်နယ်သတင်းများ

Oct 30,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ စံ(၅) ချက်နှင့်အညီကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အတွင်း မဲရုံ(၉၇)ရုံရှိပြီး၊ မဲဆန္ဒရှင်ပြည်သူပေါင်း(၈၀၀၀၀)ကျော်ရှိသည့်အနက် မသန်စွမ်းသူ မဲဆန္ဒရှင်ပြည် သူ(၉၃)ဦးရှိကြောင်း၊ လွတ်လပ်စွာဆန္ဒမဲပေးနိုင်အောင် စီစဉ်ပေးထားပြီးဖြစ် ကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
Oct 30,2020
လားရှိုးမြို့၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးသည် လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့၊ လမ်းမတော်လမ်း၊ အမှတ်(၂)ရပ်ကွက်၊ အ.လ.က(၅) အခြေခံပညာအထက်တန်းကျောင်းခွဲရှိ  စံပြမဲရုံ ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုခဲ့ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်မင်း၊ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်း၊ ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးနှင့် မဲရုံတာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များ အတိုင်းမဲရုံအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ပြသခဲ့ကြသည်။
Oct 30,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက် နေ့တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ ဟိုပန်မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၅)အုပ်စုရှိ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲရုံးများတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်ခန့်က မီးဖိုမီးကြွင်း မီးကျန်မှ တစ်ဆင့် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Oct 30,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် အတွင်းရှိ ကျေးရွာများဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ လုပ်အား ခပေးချေ သော စနစ် (CFW) စီမံကိန်းအဖြစ်ဆောင်ရွက်ထားသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့်ဝန်ထမ်းများသည် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 30,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Oct 30,2020
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​​ဆောင်းမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များ၊ နိုင်ငံ့ဝန်ထမ်း  မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ​​​ပေးခြင်းကို ယမန်​နေ့နံနက်(၈)နာရီ အချိန်က စတင်၍ သက်ဆိုင်ရာရပ်ကွက်/​ကျေးရွာ အုပ်စု မဲရုံအသီးသီးတွင် ​​ဆောင်ရွက်ထားရှိရာ မြို့နယ်အတွင်းရှိ သက်ကြီးဘိုး ဘွား မဲဆန္ဒရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများက ကြိုတင်ဆန္ဒမဲများ လာ​ရောက်​ပေးလျက်ရှိ​ကြောင်း သိရသည်။
Oct 30,2020
၂၀၂၀ ပြည့်နှစ်၊  နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့၊ မွန်းလွဲ(၃)နာရီ အချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ဌာနဆိုင်ရာများတွေ့ဆုံ ဆွေးနွေးခဲ့သည်။