အမြို့မြို့အနယ်နယ်သတင်းများ

Oct 30,2020
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များအတွက် ကြိုတင်မဲလက်မှတ် ထည့်သွင်းခြင်းကို ယမန်နေ့ နံနက် ၈ နာရီက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်ခဲ့သည်။
Oct 30,2020
ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်များ၊ ကော်မရှင် တာဝန်နှင့် မဲရုံတာဝန် ထမ်းဆောင်ကြမည့် နိုင်ငံဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းကိုယမန်နေ့နံနက် (၈)နာရီကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံအသီးသီးတွင် ဆောင်ရွက်ထားရှိပြီး ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြသည်။
Oct 30,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 30,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး တွင်  မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်ကာ မဲမပေးနိုင်သည့် မဲဆန္ဒရှင်ပြည် သူများအား ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် ကြိုတင်ဆန္ဒမဲများ ကောက်ခံ ခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု(၅၉) အုပ်စု တို့တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 30,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်    အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်များအား မြိတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကြိုတင်ဆန္ဒမဲပုံးများကို လုံခြုံရေး ကြိုးတပ် ဆင်၍ ကြိုတင်ဆန္ဒမဲပေးခြင်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 30,2020
မင်းတပ်မြို့ခရိုင်ပြည်သူ့ဆေးရုံ Quarantine Center ၌ သံသယစောင့်ကြည့်လူနာအဖြစ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူများသည် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က အဆိုပါ Quarantine Center ၌ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။
Oct 30,2020
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ အကွက် (၆၂၁)၊ ၂၉ လမ်း၊ ၇၈ လမ်းနှင့် ၈၀ လမ်းကြား ဟေမာဇလရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခုတွင် ယနေ့ နံနက် ၂ နာရီ ၃၇ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Oct 30,2020
စစ်ကိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ  မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်တွင် အသက်(၆၀)နှစ် အထက်ရှိသူများအား ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲကို ယမန်နေ့နံနက်ပိုင်းမှစ၍  စတင်ပေးအပ်လျက်ရှိကြောင်း သိရသည်။