အမြို့မြို့အနယ်နယ်သတင်းများ

Oct 30,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့နံနက်ပိုင်းမှစတင်၍ ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိကြောင်းသိရသည်။
Oct 30,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည့် နေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှုရှိ/မရှိသိရှိနိုင်ရန်အတွက် နှားခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များရယူခြင်းတို့ကို မူဆယ်မြို့၊ ကျန်းမာရေးဌာနမှ (၂)ရက်တစ်ကြိမ်ရယူစစ်ဆေး၍ ရောဂါကူးစက်မှုမရှိပါက နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပြီး ရောဂါကူးစက်မှုရှိပါက မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံအသစ်၌ ဆေးကုသခံယူစေမည်ဖြစ် ကြောင်းသိရသည်။
Oct 30,2020
မင်းတပ်မြို့ဆေးရုံ ကန့်သတ်စောင့်ကြည့်ထားသည့်နေရာ(Quarantine Center) ၌ ဆေးကုသမှုခံယူသူ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၄)ဦး ရောဂါသက်သာပျောက်ကင်းပြီဖြစ်၍ Facility Quarantine ​နေထိုင်ပြီးစီးကြောင်း လက်မှတ်များကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပေးအပ်ခဲ့သည်။
Oct 30,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ အသက်(၆၀)နှစ်နှင့် အထက်ရှိသော  နေအိမ်များသို့  အိမ်တိုင်ရာ ရောက်စနစ်ဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးနေမှုနှင့်  သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲ လာရောက်ပေးနေမှု အခြေအနေများကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက လိုက်လံ၍  ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။   
Oct 30,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံမှုများမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စင်တာငါးခုနှင့် ဆေးရုံနှစ်ခုတို့တွင် အသွားအလာကန့်သတ် စောင့်ကြည့်မှုများကို ဆောင်ရွက်နေပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများနှင့် ဆေးရုံနှစ်ခုတို့ အတွက် နေ့လယ်စာထမင်းဘူး(၈ဝဝ)ကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)မှ လာရောက်လှူဒါန်းပေးခဲ့ ကြောင်းသိရသည်။
Oct 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်အတွင်းရှိ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဂျိုး​တောင်အုပ်စု ကွင်းအမှတ်၁၂၄၁၊ ဦးပိုင် ၆၂ တွင် စိုက်ပျိုးထား​သော ​တောင်သူ ဦး​မောင်​မောင်ဝင်း ၏​ မှော်ဘီ-၂ မိုးစပါး မျိုးထုတ်ကွက် (၁၀) ဧကတွင် (၆.၆'×၆.၆') စံကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းက စတင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 30,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူ များ၊ မဲရုံအဖွဲ့ဝင်များ၊ Volunteer နှင့် PPE Level-2 ဝတ်ဆင်သူတို့အားကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းမျာ်လက်ခံ၊ ဖြန့်ဖြူးရေးလုပ်ငန်းကော်မတီအဖွဲ့က ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ထံ ပေးအပ်ခဲ့သည်။
Oct 30,2020
ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်၊ လိပ်သိုမြို့ တွင်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။