Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချင်းရွှေဟော်တွင် တရုတ်နိုင်ငံမှပြန်လာသည့်နေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေး၍ သက်ဆိုင်ရာ ဒေသများ သို့ လွှဲပြောင်းပို့ဆောင်
Oct 30,2020
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၄၃)ဦး အား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက အသွားအလာကန့်သတ် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုးရှိ/ မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ နေရပ်ပြန်ပြည်သူအားလုံးတို့မှာ ရောဂါပိုးမတွေ့ရှိ၍ ယမန်နေ့၊ ညနေ(၄) နာရီအချိန်က ၎င်းတို့၏ သက်ဆိုင်ရာဒေသများသို့ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ
Oct 30,2020
၂ဝ၂ဝပြည့်နှစ် ၊ နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နံနက်ပိုင်းက မလှိုင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည် ။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ စတင်မဲပေး
Oct 30,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင် အသက် ၆၀ နှင့်အထက် မဲပေးမည့်သူများနှင့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ယမန်နေ့နံနက်ပိုင်း အချိန်မှစတင်ကာ ကြိုတင်မဲပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ်၌ အသက်(၆၀)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေး
Oct 30,2020
၂၀၂၀ပြည့်နှစ် မိုးကောင်းမြို့နယ်၌ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက် (၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်များက သက်ဆိုင်ရာရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲများကို အောက်တိုဘာ(၂၉)ရက်မှနိုဝင်ဘာလ(၅)ရက်ထိ နံနက်(၈)နာရီမှည(၆)နာရီ အတွင်း ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ ကော်မရှင်အဖွဲ့ခွဲရုံးမဲရုံများတွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ လာရောက်မဲပေး
Oct 30,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ကြိုတင် ဆန္ဒမဲများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ ကော်မရှင်အဖွဲ့ခွဲရုံးမဲရုံများ တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်များ လာရောက်မဲပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အမျိုးသမီး(၃)ဦး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိ
Oct 30,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ယာယီ သီးခြား လူနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာ (၆) ဦး အနက် အမျိုးသမီး(၃) ဦး အား ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲများ စတင်ပေး
Oct 30,2020
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်း ယမန်နေ့နံနက် ၈ နာရီမှ စတင်ကာ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်း အနေဖြင့် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်ကြမည့် သူများကို ဦးစားပေး ကြိုတင်ဆန္ဒမဲပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခင်ဦးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများ စတင်ပေး
Oct 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28436
Page
28437
Page
28438
Page
28439
Current page
28440
Page
28441
Page
28442
Page
28443
Page
28444
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department