Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လက်ပံတန်းမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲ စတင်ပေး
Oct 28,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များမှ ရောက်ရှိနေကြသော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ ပြန်လည်၍ ဆန္ဒမဲပေးနိုင်ခြင်း မရှိတဲ့အတွက် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးရစေရေး ပုံစံ(၁၅) ရေးသွင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနဲ့ ချိတ်ဆက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ လက်ပံတန်းမြို့နယ်တွင် ယနေ့နံနက် ၈နာရီမှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် အထူးရဲသင်တန်းဆင်းပွဲကျင်းပ
Oct 28,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ယူ ဆောင်ရွက်မည့် အထူးရဲများသင်တန်းဆင်းပွဲကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နမ္မတူမြို့ အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့တွင် အထူးရဲ(Special Police)သင်တန်းဆင်းပွဲကျင်းပ
Oct 28,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ မဲရုံအသီးသီးတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲ (Special Police) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝနာ ရီက မြို့ကုန်းရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့် အညီလုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 28,2020
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မိုးနဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပ ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေစကြိုမြို့နယ်တွင် ချင်းတွင်းမြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်း ပြောင်း ရွှေ့လူနေအိမ် ၄၇ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့
Oct 28,2020
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းက အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ရေစကြိုမြို့နယ်၊အောင်ပန်းချောင်းကျေးရွာအုပ်စု၊အောင်ပန်းချောင်းကျေးရွာ၊ချင်းတွင်း မြစ်ရေတိုက်စား၍ကမ်း ပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် လူနေအိမ် ၄၇ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ အထူးရဲသင်တန်းဆင်းပွဲကျင်းပ
Oct 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့မရဲစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် ရွှေကျောင်းမိုးကုတ်ဝိပဿနာရိပ်သာရှိ သီလရှင်များအား အခြေခံစားသောက်ကုန်များ လှူဒါန်း
Oct 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ ရွှေကျောင်းမိုးကုတ်ဝိပဿနာရိပ်သာရှိ သာသနာအနွယ်ဝင် သီလရှင် ဆရာကြီး/ ဆရာလေး(၃၀)ပါးအား ကိုဗစ်−၁၉ကာလအတွင်း ဆွမ်းဆန် အခက်အခဲမရှိစေရေးအတွက် အခြေခံစားသောက်ကုန်များကို အလှူရှင်များမှယနေ့ နံနက်ပိုင်းက အဆိုပါ ရွှေကျောင်း ရိပ်သာတွင် လှူဒါန်းပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်တွင် အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ
Oct 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို (၂၈) ရက်ကြာ သင်ကြားခဲ့ပြီး ယနေ့ နံနက် (၉) နာရီအချိန်တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28451
Page
28452
Page
28453
Page
28454
Current page
28455
Page
28456
Page
28457
Page
28458
Page
28459
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department