Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟိုပန်မြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲများ သင်တန်းဆင်းပွဲ ကျင်းပ
Oct 29,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ လုံခြုံရေးတာဝန်ထမ်း ဆောင်ကြမည့် အထူးရဲ(၄၃)ဦးကို ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသင်တန်းခန်းမ၌ ယမန်နေ့နံနက်(၉) နာရီ အချိန်က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆ…
Oct 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် ရဲတပ်ဖွဲ့မှကြီးမှူး၍ ပါတီစုံဒီမိုကရေစီအထွေထွရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆာင်ရွက်မည့် မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအသီးသီးမှ အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်ခရိုင်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကာလ၌ လုံခြုံရေးတာဝန်များထမ်းဆောင်ရန် အထူးရဲစုစုပေါင်း(၃၉၂)ဦး ခန့်အပ်ထား
Oct 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နှင့် မြို့နယ်အသီသီး၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကာလ၌ မဲရုံလုံခြုံရေးနှင့် မဲဆန္ဒရှင်များလုံခြုံစိတ်ချစွာဖြင့် မဲထည့်နိုင်အတွက် အထူးရဲစုစုပေါင်း(၃၉၂)ဦးကို ခန့်အပ်၍ လုံခြုံရေးဆိုင်ရာအထူးရဲသင်တန်းကို (၄)ပတ်ကြာသင်တန်းပို့ချခဲ့ပြီး ယမန်နေ့၊ နံနက်(၈)နာရီအချိန်က သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို မူဆယ်ခရိုင်၊ မူဆယ်မြို့နှင့် သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် ပြုလုပ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ မဲရုံလုံခြုံရေး အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ
Oct 29,2020
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်ရှိ (အ-မ-က)ရေတံခွန်ကျောင်း၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံလုံခြုံရေး အထူးရဲသင်တန်းကို အောက်တိုဘာလ (၁)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အထူးရဲသင်တန်းသားများကို အခြေခံစစ်ရေးပြ ၊ အထူးရဲကျင့်ဝတ် ၊ ဥပဒေ ၊ ရွေးကောက်ပွဲဆိုင်ရာ အထွေထွေသိမှတ်ဖွယ်ရာ စသည့်အကြောင်းအရာများအား မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့တာဝန်ရှိသူများက သင်တန်းပို့ချ သင်ကြားပေးခဲ့ရာ ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်ဂျန်းယန်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ
Oct 29,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန်အတွက် အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက (အင်ဂျန်းယန်) အခြေခံပညာ အထက်တန်းကျောင်း မလိအင်မိုင်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံ လုပ်ငန်းလမ်းညွှန်(SOP) ညွှန်ကြားချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့ ဟိုတယ်တစ်ခု၏ ၂၇ ထပ်တွင် မှန်တံခါးများကွဲနေ၍ တက်ရောက်လဲလှယ်ရာမှ ပုခက်ကြိုးပြတ်ကျပြီး အမျိုးသားသုံးဦးသေဆုံး
Oct 28,2020
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် အောက်တိုဘာလ (၂၈)ရက် (၁၆:၁၀)နာရီက မဟာအနာက်ရပ်ကွက်ရှိ အကွက် (၅၂၄)၊ စံဝင်းရပ် ၈၄ × ၈၅လမ်းကြား ၃၉ × ၄၀လမ်းကြားရှိ Grand Park Hotel ၂၇ထပ်တွင် မှန်တံခါးများ ကွဲနေ၍ တက်ရောက်လဲလှယ်ရာမှ ပုခက်ကြိုးပြတ်ကျပြီး သုံးဦးသေဆုံးခဲ့ကြောင်း စုံစမ်းစစ်ဆေးချက်များအရ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကျင်းပ
Oct 28,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့နံနက် (၈)နာရီခွဲက မိုးကုတ်မြို့အထက-၃ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာအထူးရဲများ သင်တန်းဆင်းပွဲကျင်းပ
Oct 28,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများသင်တန်း ဆင်းပွဲကို ယနေ့နံနက်ပိုင်းက ဝါဆိုဦးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28448
Page
28449
Page
28450
Page
28451
Current page
28452
Page
28453
Page
28454
Page
28455
Page
28456
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department