အမြို့မြို့အနယ်နယ်သတင်းများ

Oct 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံအသီးသီး၌ မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈နာရီအချိန်ခန့်က သီပေါမြို့ သာသနာ ၂၅၀၀ ပရိယတ္တိ စာသင်တိုက်ရှိ ဆွမ်းစားဆောင်တွင် ပြုလုပ်ခဲ့သည်။
Oct 28,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ကရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များတွေ့ဆုံ၍ ပြုလုပ်ဆောင်ရွက် ခဲ့သည်။
Oct 28,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ လောကနတ်ခန်းမ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ငါန်းဇွန် မြို့နယ်ရဲတပ်ဖွဲ့မှ မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှစတင် ဖွင့်လှစ်ပို့ချခဲ့ရာ ယနေ့နံနက် ၈နာရီခွဲအချိန်က သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Oct 28,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံ တာဝန်ရှိသူများ အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုစ္စည်းများ လာရောက်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
Oct 28,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့်
Oct 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲရုံလုံခြုံရေးတာ၀န်များ ဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့၀င်များ လုပ်ငန်းခွင်သင်တန်း ဆင်းပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီခွဲက ဖယ်ခုံမြို့ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပခဲ့သည်။
Oct 28,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ သွားမည်ဖြစ်ရာ ဘားအံမြို့ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်း တန်းခွဲ(၁)၊ (၂)၊ (၃) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက ဘားအံမြို့ အမှတ်(၂)ရပ်ကွက်၊ သစ္စာလမ်း၊ အမိတာရာမ ရဲကျောင်းတိုက်တွင် ကျင်းပသည်။
Oct 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားများ သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉) အချိန်ခန့်က မိုင်းငေါ့မြို့အခြေခံပညာအထက်တန်းကျောင်း (မြစိမ်းရောင်) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။