အမြို့မြို့အနယ်နယ်သတင်းများ

Oct 28,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အဝင်အထွက်ကန့်သတ် ထားသော ကုန်းသာကျေးရွာမှ အိမ်ထောင်စုများအတွက် မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ အောင်လံ ဆီစက်နှင့် ကုန်စုံဆိုင် မိသားစုမှ အခြေခံစားသောက်ကုန်များကို (အောက်တိုဘာ ၂၇ ရက်) ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အဆိုပါကျေးရွာ၌ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 28,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထားဝယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္က၊ အဖွဲ့ဝင်များ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း အစည်းအဝေး ကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ ထားဝယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပသည်။
Oct 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ အောက်တိုဘာ ၂၇ရက်မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Oct 28,2020
တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး က ဦးဆောင်၍ တောင်ကြီးခရိုင်အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်မှ တောင်ကြီးမြို့နယ် (COVID-19) ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကော်မတီထံသို့ အလှူငွေလှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမ ၌ ပြုလုပ်ခဲ့သည်။
Oct 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲ ဆိုင်ရာသင်တန်းကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့မှ (၂၉) ရက်နေ့အထိ အင်းတော် မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ် ပို့ချလျက် ရှိကြောင်း သိရသည်။
Oct 27,2020
ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်စဉ် ကာလအတွင်း ပြည်သူများစားဝတ် နေရေး အစဉ်ပြေစေရေး အတွက် We Love Hlaing ပရဟိတအဖွဲ့ သည်အနယ်နယ်အရပ်ရပ်မှ လှူဒါန်းပေးလျက်ရှိသော အလှူရှင်များ ကိုယ်စားရပ်ကွက်များရှိ အ​ခြေခံလူတန်း စားများ၊ သက်ကြီးရွယ်အိုများ၊မ သန်စွမ်းများအိမ်ထောင်စု(၂၅၀)စုအ တွက် အခြေခံစားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းကသွား ရောက်လှူဒါန်းခဲ့သည်။
Oct 27,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ရွေး ကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၁၀း၃၀)နာရီ အချိန်ကစျေးရပ်ကွက် အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 27,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက် ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စုနှင့် ရပ်ကွက်နှစ်ရပ်ကွက် အတွင်းရှိ မဲရုံ(၁၁)ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ယူကြမည့် ပညာရေး ဌာန ဆရာ၊ ဆရာမများအား နယ်မြေ(၇)ချောင်းကြီးရပ်ကွက်ဘုန်းတော်ကြီးကျောင်း ဓမ္မဗိမာန် အတွင်း၌ ယနေ့နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကလည်းကောင်း၊ ဆန္ဒမဲပေးစဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်များအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းကလည်းကောင်း တစ်ရက်တာသင်တန်း ဆွေးနွေးပို့ချပေးကြောင်း သိရှိရသည်။