Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာမွေမြို့နယ်ရှိ Community Based Facilities Quarantine Centre အတွက် လိုအပ်နေသည့် Oxygen Concentrator အား ပေးအပ်လှူဒါန်း
Oct 27,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းတွင် ဖွင့်လှစ်ထားသော Community Based Facilities Quarantine Centre အတွက် လိုအပ်နေသည့် အောက်စီဂျင် ဓာတ်ငွေ့ (၅)လီတာ ပမာဏ ထုတ်လုပ်ပေးနိုင်သော ငွေကျပ် (၆၃၀၀၀၀/-) တန်ဖိုးရှိ Oxygen Concentrator (၁)လုံးကို ယမန်နေ့ ညနေပိုင်းအချိန်က အဆိုပါ Community Based Facilities Quarantine Centreရှိ အုပ်ချုပ်မှူးရုံးခန်း၌
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ ညှိနှိုင်း ဆွေးနွေး
Oct 27,2020
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဆင့်ပွားသင်တန်း နေရာ ၁၆ နေရာတွင် တစ်ပြိုင်တည်းဖွင့်လှစ်
Oct 27,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာသိရှိလိုက်နာရမည့်အချက်များအား အသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ နေရာ ၁၆ နေရာတွင် ဖွင့်လှစ်သင်တန်းပေးလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ၌ သာကေတမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း၊ ပရိယတ္တိစာသင်တိုက်၊ သီလရှင်စာသင်တိုက်များသို့ We Love Thakayta မှလှူဖွယ်ပစ္စည်…
Oct 27,2020
ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် တောင်ငူခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲများ နှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြုလုပ်သည့် မဲရုံအခင်းအကျင်း သရုပ်ပြသခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ…
Oct 27,2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကျင်းပပြုလုပ်သည့် မဲရုံခင်းကျင်းမှုသရုပ်ပြသခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီ အချိန်က မကွေးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုး ညို တက်ရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ အသက်(၆၀)နှင့် အထက် ကြိုတင်ဆန္ဒမဲပေးမည့်သူဦးရေ ၁၆၉၂၅ ဦး ရှိ
Oct 27,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ် မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၆၀)နှင့် အထက် ကြိုတင်ဆန္ဒမဲပေးမည့်သူဦးရေ ၁၆၉၂၅ ဦး ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့နယ်၌မြို့နယ် ကလေးသူငယ်အခွင့်အရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 27,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် မွန်လွဲ(၂:၃၀)နာရီအချိန်က မြို့နယ်စုပေါင်း ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ပြည်သူများအား အသိပညာပေး
Oct 27,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် တွင်ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းများကို မြို့နယ် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန မှ အောက်တိုဘာ ၂၇ ရက်နေ့နံနက် (၉:၃၀)အချိန်ခန့်က က မုကွဲကျေးရွာ အတွင်းရှိ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28464
Page
28465
Page
28466
Page
28467
Current page
28468
Page
28469
Page
28470
Page
28471
Page
28472
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department