Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တိုက်ကြီးမြို့နယ်တွင် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေး နိုင်ရေးနှိုးဆော်
Oct 27,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်မည့်ရက် များကို လိုက်လံနှိုးဆော်ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထူးကြီးမြို့ မြို့မဈေးနယ်နိမိတ်အတွင်းရှိ ဈေးများ၊ လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
Oct 27,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အင်္ဂပူမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ထူးကြီးမြို့ မြို့မဈေးနှင့် လမ်းဘေးဈေးဆိုင်များ၊ အိမ်ဆိုင် များအား သတ်မှတ် စည်းကမ်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့နံနက် ၈ နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်အတွင်းရှိ မဲရုံအသီးသီးသို့ မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး
Oct 27,2020
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန် အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းအမျိုးမျိုးကို ယမန်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းဘဲတန်းမြို့နယ် Quarantine Centre များသို့ အလှူရှင်များမှ ထမင်းဗူးများ လာရောက်လှူဒါန်း
Oct 27,2020
ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာမူလ တန်းကျောင်းတွင် ဖွင့်လှစ်ထားသော Quarantine Centre များ သို့ ဦးစည်သူမောင်ဦးဆောင်သော ပရဟိတအဖွဲ့မှ ထမင်းဗူးများ လာရောက် လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မဲရုံလုံခြုံရေးတာဝန်ယူဆောင်ရွက်မည့် အထူးရဲများကို Test kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိစစ်ဆေးခဲ့ရာ အားလုံး Neg…
Oct 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲနေ့၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲ တပ်ဖွဲ့ (၁၀၅)ဦးနှင့် နည်းပြဆရာ (၄)ဦးတို့အား ကိုဗစ်-၁၉ ရောဂါရှိ မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (swab) နမူနာရယူ၍ Test Kit ဖြင့် ယနေ့ စစ်ဆေးခဲ့ရာတွင် ထွက်ရှိလာသောအဖြေမှာ အားလုံး (All Negative) ကိုဗစ်-၁၉ ရောဂါမရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HVP)အကြောင်းသိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
Oct 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HVP) အကြောင်းနှင့် (HPV)ပိုးနှင့် ပတ်သက်သော သိကောင်းစရာ အသိပညာပေးနံရံကပ်စောင်အား ပြည်သူများအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရုံးရှေ့ အလူမီနီယံမြေစိုက်နံရံကပ်ပြဘုတ်ဘေးတွင် သီးသန့်ပြဘုတ်ဖြင့် ယနေ့နံနက်ပိုင်းက ပြသ ဆောင်ရွက် ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ် လူမှုကူညီအကိုများအဖွဲ့မှ ရေဆိုင်ကျေးရွာသို့ စားသောက်ကုန်များ သွားရောက်လှူဒါန်း
Oct 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်လူမှုညီအကိုများအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း လူမှုကူညီ ကယ်ဆယ်ရေးများ လုပ်ဆောင်လျက်ရှိရာ ကန်ကြီးထောင့်မြို့နယ် ရေဆိုင်ကျေးရွာတစ်ရွာလုံးကို lockdown သက်မှတ် ထားသည့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၆၀ ရဲ့စားဝတ်နေရေးခက်ခဲမှုကို တစ်ဘက်တစ်လမ်းမှ ကူညီ ဖြေရှင်းပေးသည့် အနေဖြင့် အောက်တိုဘာလ ၂၆ရက်နေ့ နေ့လည်ပိုင်းက အခြေခံစားသောက်ကုန်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ ကြိုတင်ဆန္ဒမဲ လက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး
Oct 27,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ အသုံးပြုမည့် မဲရုံသုံးပစ္စည်းများနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28465
Page
28466
Page
28467
Page
28468
Current page
28469
Page
28470
Page
28471
Page
28472
Page
28473
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department