အမြို့မြို့အနယ်နယ်သတင်းများ

Oct 27,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပေါ်ရှိ မဲရုံများဖြစ်သည့် ဇီးဖြူကုန်း အ.မ.က၊ နားမေတ္တာ အ.မ.က၊ မြို့မ အ.ထ.က(ခွဲ)နှင့် ပေါမိုင်း တရုတ်ဘုံကျောင်းတို့တွင် မဲရုံနေရာစီစဉ်ထားမှုနှင့် မီးဘေးလုံခြုံမှုရှိ/ မရှိကို ယနေ့ နေ့လယ်က ခရိုင်လျှပ်စစ်အင်ဂျင် နီယာမှူး ဦးဇော်ထွန်းဦးဆောင်၍ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
Oct 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံလုပ်န်းများနှင့် မဲပေးပုံအဆင့်ဆင့်အား မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ရပ်/ ကျေးကော်မရှင်အတွင်းရေးမှူးများအား ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Oct 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တွင်ကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင်  ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက်ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများပူး ပေါင်းပါဝင်သောကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကိုဖွဲ့ စည်း၍အသိပညာပေးခြင်း၊စည်းကမ်းလိုက်နာမှုမရှိသူများအား ဒဏ်ငွေပေး ဆောင်စေခြင်းများကို ယမန်နေ့မနက်(၉)နာရီကစ၍ မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ် လမ်းမကြီး ပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 27,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ် များတွင် အသုံးပြုရန် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ PPE Level 2 ဝတ်စုံများအား ပရဟိတအသင်းအဖွဲ့များသို့ ခွဲဝေလှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ဆောင်ရွက်ခဲ့သည်။
Oct 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ တို့ ပေါင်းစပ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်းသိရသည်။
Oct 27,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီး ဌာနက ကျန်းမာရေး စောင့်ရှောက်ကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်တွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ(၄၀)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
Oct 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ Quarantine Center တွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားသည့် အသက် ၂၅ နှစ်ရှိ ယာဉ်မောင်းတစ်ထံမှ ယမန်နေ့က ကို‌ဗစ်၁၉ ရောဂါပိုး တွေ့သောကြောင့် ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စုစုပေါင်း ပိုးတွေ့လူနာ ၆ ဦးရှိပြီဖြစ်ကြောင်းသိရသည်။