အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
န္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့အဝင်လေးဘက်လေးတန်၌ စစ်ဆေးရေးဂိတ်များထား ရှိကာ၊ ယာဉ်အဝင်အထွက်နှင့် ဝင်ရောက်လာသူတိုင်း ကျန်းမာရေးဆိုင်ရာထောက်ခံစာနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စု ထောက်ခံစာ ပါ/မပါ စစ်ဆေးဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်သည် မြတ်နိုးသူစစ်ဆေးရေးဂိတ်တွင် လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများကို သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
Oct 26,2020
ကယားပြည်နယ် ၊ ဘောလခဲခရိုင် ၊ ဘောလခဲမြို့နယ်အတွင်းရှိ ကျေးရွာဘုန်းတော်ကြီးကျောင်း အသစ်ပြန်လည် မွမ်းမံတည်ဆောက်ရန် ၊ အားကစားကွင်းနှင့် ဘောလုံးကွင်းကြမ်း ဖောက်လုပ်နိုင်ရန် အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ရုံးခန်း၌ ပြုလုပ်ခဲ့သည်။
Oct 26,2020
လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ကုန်စည်မပြတ်လပ်စေရေး နှင့် ချောမွေ့စေရေးတို့ အတွက် အစိုးရနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ တွင်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီး ကုန်သည်စက်မှုအသင်းများနှင့် ညှိနှိုင်းအစည်းအဝေး အား Video Conferencing ဖြင့် ပြုလုပ်ခဲ့သည်။
Oct 26,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲရုံများ မီးဘေးလုံခြုံရေးအတွက်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မဲရုံမှူး ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်မှုအား ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ၊ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ဝင် လပွတ္တာခရိုင် တာဝန်ခံ ဦးခင်မြင့်ဦးနှင့် အဖွဲ့ဝင်များက သင်တနိးပို့ချနေမှုကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကြည့်ရှုခဲ့ကြောင်းသိရသည်။
Oct 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မျိုးစေ့ထုတ် စိုက်ခင်း များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က တောင်သူ ဦးခွမ်းအောင်၏သုည ဒသမ ၆၀ ဧက စိုက်ခင်းတွင်ကွင်းဆင်းစစ်ဆေးခဲ့သည်။
Oct 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရွာသာယာကျေးရွာ အုပ်စု၊ တုံးဖလားကျေးရွာတွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ကွက်များအား ရင့်မှည့်ချိန် မျိုးကွဲစစ်ဆေးခြင်း၊ ပေါင်းမြက်စစ်ဆေးခြင်း၊ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ ကြံ့ခိုင်မှုနှင့် အထွက်နှုန်းတို့အား ကွင်းဆင်း စစ်ဆေး ခြင်း(Field Inspection Campagin) ကို ယမန်နေ့က ကွင်းဆင်းပြု လုပ်ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
Oct 26,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကာလအတွင်း ရောဂါလက္ခဏာ သံသယရှိသူများ Fever Clinic ကို ၂၀၂၀-ပြည့်နှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မှစ၍ ဝင်းကြီးရပ်၊ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီး ယခင် တီဘီရောဂါစမ်းသပ်ကုသရေး ဌာနဟောင်း အောက်ဆေးပေးခန်းတွင် အစိုးရရုံးဖွင့်ရက်များ၌ စမ်းသပ်စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။