Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့သောင်း မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက မဲပုံးနှင့် မဲရုံသုံး ပစ္စည်းများထုတ်ပေး
Oct 26,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ အသုံးပြုရန်အတွက် မဲရုံသုံး ပစ္စည်း(၃၂)မျိုးကို မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များသို့ ယမန်နေ့နံနက်ပိုင်း မှ စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကမဲပုံးနှင့်မဲရုံသုံးပစ္စည်းများထုတ်ပေး
Oct 26,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်စောက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ ကျေးရွာ အုပ်စုရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ မဲရုံသုံး ပစ္စည်း (၃၁)မျိုးကို ယမန်နေ့ နံနက်(၁၀)နာရီက စတင် ထုတ်ပေးကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ အိတ်ခ်ျပီဗီ(HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ရပ်ကွက်နှင့်ကျေးရွာများတွင် ဆက်လက် ထိုးနှံ
Oct 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ တိုးချဲ့ ကာကွယ်ဆေး ထိုးလုပ်ငန်းစီမံချက်မှ အိတ်ခ်ျပီဗီ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ပေးလျက် ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က ဥယျာဉ်ရပ်ကွက် မိခင်နှင့်ကလေး စောင့် ရှောက်ရေး အသင်း ရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၌ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲပုံးနှင့်မဲရုံသုံးပစ္စည်းများထုတ်ပေး
Oct 26,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်း ပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံးပစ္စည်းများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယမန်နေ့က ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့၌ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်တန်းဖွင့်ပွဲကျင်းပ
Oct 26,2020
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်တန်း ဖွင့်ပွဲအား ဟိုပန် မြို့ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Quarantine Center များကို စောင့်ရှောက်မှုပေးနေသော စေတနာ့ဝန်ထမ်းအဖွဲ့ကို ခေါက်ဆွဲခြောက်ထုတ် များ ထောက်ပံ့
Oct 26,2020
မန္တလေးတိုင်းဒေသကြီး၊ အထက မလှိုင်မြို့နှင့် ပြည်သူဆေးရုံရှိ Quarantine Center များမှ လူနာ များကို စောင့်ရှောက်မှုပေးနေသောစေတနာ့ဝန်ထမ်းအဖွဲ့(၂) ဖွဲ့ကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ ခေါက်ဆွဲခြောက်ထုတ်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည် ။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်ရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများကို ကိုဗစ်-၁၉ ရောဂါ ပိုးရှိ /မရှိ RDT Test ဖြင့် စစ်ဆေး
Oct 26,2020
၂ဝ၂ဝပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းမှ သင်တန်းသားများ၏ နှာခေါင်းတို့ပတ်နှင် အာခေါင်တို့ပတ် Swab နမူနာရယူ၍ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ /မရှိ ကို (RDT Test) ဖြင့် စစ်ဆေးခြင်းကို အဖွဲ့ (၅)ဖွဲ့ ခွဲ၍ ယမန် နေ့က မလှိုင်မြို့ ၊မြို့သစ် အထကကျောင်းခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည် ။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး တွင် ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28507
Page
28508
Page
28509
Page
28510
Current page
28511
Page
28512
Page
28513
Page
28514
Page
28515
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department