အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အသုံးပြုရန် ပြင်ဆင်ထားသော သင်ကြားမှုနှင့် သင်ယူမှုအထောက်အကူပြု ကွန်ပျူတာခန်းမကို ယမန်နေ့ ညနေပိုင်းတွင် ပြင်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။
Oct 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အပြင်ထွက်သွားလာသူများ၌ Mask စနစ်တကျတပ်ဆင်သွားလာ‌ရေး စစ်ဆေးခြင်းများကို အောက်တိုဘာ ၂၆ ရက်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 26,2020
၂ဝ၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ မဲစာရင်းပြုစု ထားရှိခြင်းနှင့် မဲလက် မှတ်များ ကိုက်ညီမှန်ကန်မှုရှိမရှိ ထပ်မံစိစစ်စစ်ဆေးခြင်းကိုယမန်နေ့နံနက်၁ဝ နာရီကလင်းခေးမြို့၊ မြို့မ ရဲစခန်း တွင် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူတို့က ကွင်းဆင်း ဆောင်ရွက် ခဲ့ကြ ကြောင်း သိရသည်။
Oct 26,2020
မကွေးခရိုင် ၊ မြို့သစ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအထွေ​ထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံတွင် တာဝန် ထမ်းဆောင်မည့်မဲရုံမှူးနှင့် ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ပို့ချခြင်း ကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာသင် ဆောင်တွင် ကျင်းပပြု လုပ်ခဲ့သည်။
Oct 26,2020
ကိုဗစ်-၁၉ ရောဂါ ဆက်လက်ဖြစ်ပွားနေမှုအခြေအနေအရ ကူးစက်ပြန့်ပွားမှုမရှိ စေရေး ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများအား သိရှိမှတ်သား လိုက်နာနိုင်စေဖို့အတွက် အသိပညာပေး ခြင်းလုပ်ငန်းများအားအရှိန်အဟုန်မြှင့် စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Oct 26,2020
၂၀၂၀ပြည့်နှစ်၊နို၀င်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေး‌ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူ များ အဆင်ပြေစွာမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင် သိမှတ်ဖွယ်ရာ ပညာပေးဆွေးနွေးပွဲကို သန်လျှက် စွန်းကျေးရွာအုပ်စု၌ အောက်တိုဘာ ၂၅ ရက်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 26,2020
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်( ၇ )ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်လောင်းများ အား အပတ်စဉ် ပုံမှန် ကာကွယ်ဆေးထိုး ခြင်း ၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ( ၈ ) နာရီခန့်က ထိုးနှံ၊တိုက်ကျွေးခဲ့ကြောင်းသိရသည်။