အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
စစ်ကိုင်းတိုင်း​ဒေသကြီး ၊ ​ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ကာလ စီးပွားရေး ကုစားမှု CERP အစီအစဉ်အရ စီးပွားဖြစ်မိုးစပါးမျိုးစေ့ထုတ်ကွက်စိုက်ပျိုးထားသော စိုက်ခင်း များအတွင်း မျိုးကွဲပါဝင် မှု၊ အပင်ပွား၊ အပင်အမြင့်၊ အပင်ကြံ့ခိုင်မှု၊ အထွက်နှုန်းတိုင်းတာခြင်းနှင့် ပိုးမွှား ရောဂါကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ယမန်နေ့က ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ တာဝန်ခံ ​ဒေါ်ကြင်စန်း၊ မြို့နယ်စိုက်ပျိုး ရေးဦးစီဌာန ဦးစီးမှူး ဦးတင့်ဆွေနှင့် စိုက် ပညာရှင် ဝန်ထမ်းများက အဖွဲ့သုံးဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Oct 26,2020
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်က လူစည်ကားရာ နေရာများနှင့် လမ်းဆုံလမ်းခွများတွင်‌ နေ့စဉ်အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
Oct 26,2020
ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲရုံသုံးပုံစံများ၊ မဲပုံးများ၊ ခြင်းတောင်းများ၊ ဆန္ဒပြုခန်းများ၊ ဆန္ဒမဲလက်မှတ်များကို ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများကို ယနေ့နံနက် ၉ နာရီက ထုတ်ပေးသည်။
Oct 26,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပို့ချခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အလက (ချမ်းမြသာမြေ) တွင် ယနေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Oct 26,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၂၃ ရက်နေ့က တစ်မြို့နယ်လုံးရှိ Facility Quarantine Centre များမှ အသွားအလာကန့်သတ်စောင့်ကြည့်ရသူ(၂၁)ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာ ရယူ၍ ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာန(NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ အောက်တိုဘာ ၂၅ ရက်နေ့ ညနေက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre မှ အသွားအလာ ကန့်သတ်စောင့်ကြည့်ရသူ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦး တို့တွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပွင့်ဖြူ မြို့နယ်ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
Oct 26,2020
တနင်္သာရီတိုင်းဒေသကြီး မြိတခရိုင် တနင်္သာရီမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ မဲရုံများတွင်အသုံးပြုရန်အတွက် မဲပုံးများ၊မဲရုံသုံးပစ္စည်းအမျိုးမျိုးကို ယမန်နေ့ နံနက်၉နာရီခွဲအချိန်မှစ၍ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများထံသို့ စတင်ထုတ်ပေးကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှသိရှိရသည်။
Oct 26,2020
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့တွင်းသွားလာနေသည့် ဒေသခံပြည်သူများအား နှာခေါင်းစည်း(Mask)အခမဲ့ဖြန့်ဝေခြင်းကို အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် ဌာနဆိုင်ရာများတို့က ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီခန့်က ဗန်းမော်မြို့ ဗိုလ်ချုပ်လမ်းနှင့်ဦးကြီးထိန်နန်လမ်းဆုံနေရာ၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 26,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲ ဆိုင်ရာသင်တန်း ပို့ချခြင်းကို ယမန်နေ့ နံနက် (၉)နာရီက အထက (ရွှေတောင်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။