အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ် အထွေထွေ ပိုလျှံငွေ(GRF)ဖြင့် ဆောင်ရွက်ခဲ့သည့် နမ့်ဆန်တိုးချဲ့ရေပေးဝေရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ကွက်သစ်ရပ်ကွက်၊ မြို့ရေပေးဝေရေး နေရာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းစွံဆိုင်း တက်ရောက်ကြောင်း သိရသည်။
Oct 25,2020
ရှမ်းပြည်နယ်မြေက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲရုံမှူးနှင့် ဒုမဲရုံမှူးအဖြစ် တာ၀န် ထမ်းဆောင်ကြမည့် ပညာရေး၀န်ထမ်းများအား ယမန်နေ့ နံနက်(၈)နာရီ အချိန်ခန့်က အောင်မင်္ဂလာခန်းမ၌ ဆင့်ပွားသင်တန်း ပို့ချသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
Oct 25,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒု-မဲရုံမှူးသင်းတန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 25,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်း များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ အ.ထ.က(၃) လက်ပံတန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
Oct 25,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီရိုင်၊ သာယာဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင် မည့် မဲရုံမှူး၊ ဒုတိယမဲရုံးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်
Oct 25,2020
(၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်း ဆောင်ကြမည့် မူဆယ်မြို့ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့တို့မှ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ များနဲ့ မဲရုံမှူး၊ ဒုမဲရုံမှူးများကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မူဆယ်မြို့၊ အထက(၂)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ဆက်လက်ပို့ချလျက်ရှိ သည်။
Oct 25,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် အကောင် အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားရှိသည့် အရိပ်ရစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနရုံးမှ သိရသည်။
Oct 25,2020
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဦးဆုံး စစ်ဆေးတွေ့ရှိခဲ့ရသည့် အမျိုးသမီးသည် ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်၍ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဆိပ်ဖြူမြို့နယ် ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ပြုပြီး ၎င်း နေထိုင်ရာကျေးရွာသို့ ပို့ဆောင်ပေး ခဲ့ ကြောင်းသိရသည်။