Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အင်တောမြို့၌ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား မဲရုံလုပ်ငန်းများဆိုင်ရာသင်တန်းပို့ချ
Oct 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား မဲရုံ လုပ်ငန်းများဆိုင်ရာ သင်တန်းပို့ချခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အင်တောမြို့ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်
Oct 25,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက သာစည်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း သူရိယခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ၊ လဟယ်မြို့နယ်အတွင်း မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်း ကွင်းဆင်း စစ်ဆေး
Oct 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတ နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဖြင့် အိန္ဒိယနိုင်ငံမှ (စတုတ္ထအကြိမ်) အထောက်အပံ့ရန်ပုံငွေ ကျပ်(၃၀၀ ဒသမ ၀၀၀)သန်းဖြင့် ဆောင်ရွက်ခဲ့သော တံတားအရှည် (၆၀)ပေ၊ အကျယ်(၁၄)ပေ တစ်လွှာ(၁)ထပ် ဘေလီတံတား(၂)စင်း ဆောင်ရွက်ပြီးစီး မှုကို ခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးလေမိုးနှင့် ရုံးအဖွဲ့များက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်လှစ်
Oct 25,2020
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပြဒါးလင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၊ အဝချောင်းကျေးရွာရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၁၉၁ စုအား စားသောက်ကုန်များနှင့် ကံစမ်းမဲထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း
Oct 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်းအုပ်စု၊ အ၀ချောင်း ကျေးရွာရှိ အခြေခံ လူတန်းစားအိမ်ထောင်စု ၁၉၁ စုအား မြို့နယ်အတွင်းရှိ အလှူရှင်များ စုပေါင်း လှူဒါန်းသော စားသောက်ကုန် ပစ္စည်းများနှင့် ကံစမ်းမဲထောက်ပံ့ငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဝချောင်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်တွင် အမျိုးသမီးငယ် ၃၀၇၅ ဦးအား HPV (သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့
Oct 25,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာများရှိ အမျိုးသမီးငယ်များအား HPV (သားအိမ် ခေါင်းကင်ဆာ)ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယမန်နေ့ထိ ၃၀၇၅ ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသော Facility Quarantine Centre များသို့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့်…
Oct 25,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ယမန်နေ့ နံနက်ပိုင်းအချိန်ထိ ၅၆ ဦးရှိပြီး၊ ရောဂါ ပျောက်ကင်း၍ ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းသူ ၂၁ ဦး၊ မြို့နယ်ကုတင် ၁ဝဝ ဆေးရုံ ကြီးတွင် ကုသဆဲလူနာ ၃၅ ဦးရှိသည်။ ကုသဆဲလူနာများတွင် အသက် ၈ဝ နှစ် အထက်လူကြီးပိုင်းများ ပါဝင်သော်လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များအား မဲပုံးအတွင်း ထည့်သွင်းပြသခြင်း ဆောင်ရွက်
Oct 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များအား ကြိုတင်မဲပုံးအတွင်း ထည့်သွင်း ပြသခြင်းကို ယမန်နေ့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28516
Page
28517
Page
28518
Page
28519
Current page
28520
Page
28521
Page
28522
Page
28523
Page
28524
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department