အမြို့မြို့အနယ်နယ်သတင်းများ

Oct 24,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွား သင်တန်းအား ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ သင်တန်းပို့ချခဲ့သည်။
Oct 24,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ငွေဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ နှင့်တွေ့ဆုံ၍ကျင်းပပြုလုပ်ခဲ့သည်။
Oct 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဒေသခံပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရန်အတွက် အကာအကွယ်ဖြစ်သည့် ပါးစပ်နှာခေါင်းစည်း Mask နှင့် လက်သန့်ဆေးများပေးဝေမှုကို ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်ရင်ခွင်မဲ့ကလေးလျော့ချရေး နှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကာ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့မဈေးအတွင်းရှိ ဈေးရောင်းချသူများနှင့် ဈေးဝယ်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။
Oct 24,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေ (VRFP) စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ပဲခူးခရိုင်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဦး၊ ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟိန်းဇော်နှင့်တာဝန်ရှိသူများက အောက်တိုဘာလ ၂၃ ရက်နေ့က လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခြင်းနှင့် လုပ်ငန်းပြီးစီးမှု စာရင်း ဇယားများ စစ်ဆေးခြင်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Oct 24,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့့််မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား မဲရုံဆိုင်ရာ သင်တန်းပို့ချခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကဝမြို့နယ် ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Oct 24,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre၌ ကျင်းပသည်။
Oct 24,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ပြည်သူများအား ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များအား သိရှိလိုက်နာစေရန် ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။