အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပင်ဦးကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး လယ်မြေများတွင် မြေအောက်ရေကို အသုံးပြုပြီး တွန်ဂလာ ၆၉၂ ငရုတ်သီးမျိုးကို စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အခြား မြေဧက ၃၀ တွင် စိုက်ပျိုးရန် အတွက် တောင်သူဦးလှဦး၏ ခြံတွင် ငရုတ်မျိုးစေ့ အထုတ်ပေါင်း ၂၄၀ ကျော်ကို ပျိုးထောင်ထားရှိ ကြောင်း သိရသည်။
Oct 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက်(၉)နာရီက အခြေခံ ပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
Oct 25,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကုန်တင် ယာဉ် ရပ်နားစခန်းအား နမ့်ဟိုင်းကျေးရွာ(ယခင်ဂေါက်ကွင်းဟောင်းမြေနေရာ)တွင် ဖွင့်လှစ်၍ ကျန်းမာရေး ညွှန်ကြားချက် များနှင့်အညီ ခရီးသွားလာခြင်းရှိ/မရှိ စစ်ဆေးအား ယမန်နေ့ နံနက်(၈)နာရီအချိန်ခန့်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 25,2020
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် (၁၃) ကြိမ်မြောက် Exim Bank ချေးငွေနှင့် ပတ်သက်၍ အပြေအကြေပေးဆပ်ကြသော အခြေခံသမဝါယမအသင်းများ၏ ဝင်ငွေနှင့် အသုံးစရိတ်များ ရရှိသုံးစွဲမှု ချပြရှင်းလင်း ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင် ကာကွယ်မှုများနှင့်အညီ ပြုလုပ်ခဲ့သည်။
Oct 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ နေ့စဉ်သောက်သုံး နေကြသည့် ရေများတွင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်စေတတ်သော ဘက်တီးရီးယား ရောဂါပိုး ပါဝင်ခြင်းရှိ/မရှိ Ecoli Test Kit များဖြင့် ရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် ပေးလျက်ရှိရာ ကျေးရွာပေါင်း ၇၁ ရွာ၌ စစ်ဆေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Oct 25,2020
“ကျေးလက်လူထုအခြေပြု ဖွံ့ဖြိုးမှုကို တို့ရှေးရှု” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေပြည်သူများ၏ အခြေခံ လိုအပ်ချက်ကို လက်လှမ်းမီရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)တွင် စီမံကိန်းရန်ပုံငွေေကျပ် (၁၉၉၅)သန်းဖြင့် စီမံကိန်း လုပ်ငန်းခွဲပေါင်း(၁၈၆)ခုကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
Oct 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အထက်ပိုင်း ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကက်သာကျေးရွာနေ ဦးစံလူ၏ နေအိမ်တွင် ကမ်းပါးပြိုကျမှုကြောင့် မြေစာများ ဝင်ရောက်၍ ပြောင်းရွှေ့ နေရကြောင်း သိရသည်။
Oct 25,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိ သော အောင်မြင်ဖြစ်ထွန်းနေသည့် ဧရာမင်းမိုးစပါးစိုက်ခင်းများအား မျိုးသန့်၊ မျိုးစေ့ရရှိရေး ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်းပြီး မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ် ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။