အမြို့မြို့အနယ်နယ်သတင်းများ

Oct 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချောင်းဆုံကျေးရွာတွင် ကိုဗစ်ကာလအတွင်း မြစိမ်းရောင် စီမံကိန်းရန်ပုံငွေများကို ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆဋ္ဌမနှစ်သက်တမ်းအတွက် ထုတ်ချေးပေးခဲ့ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Oct 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်း ဆိုင်ရာပို့ချချက် သင်တန်းဖွင့်လှစ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် သီရီမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့ သာသနာ့ဗိမ္မာန်၌ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
Oct 24,2020
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မဲရုံမှူးနှင့်ဒုမဲရုံမှူးတို့အား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲခန့်က ကျွန်းသာယာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 24,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ နေ့လယ် ၁ နာရီက ကြိုတင် ဆန္ဒမဲပုံးအားစစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း၊ ကြိုတင်ဆန္ဒမဲများ ထည့်သွင်းခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 24,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာ မတည်ရန်ပုံငွေ (VRFP) စီမံကိန်းချေးငွေဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကြောင်ပန်းကုန်း ကျေးရွာသို့ တာဝန်ရှိသူများက ယမန်နေ့ညနေ(၃)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Oct 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံလုံခြုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
Oct 24,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်နှစ်ခုမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၂၂၁၉၀)ဦးရှိကြောင်း မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ နောက်ဆုံးအကြိမ်ထုတ်ပြန် ကြေညာသည့် မဲဆန္ဒရှင်စာရင်းများအရ သိရသည်။
Oct 24,2020
ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်းခံထားရသူများ၏ ဓာတ်ခွဲနမူနာများကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ ကယားပြည်နယ်မှ ဓာတ်ခွဲနမူနာပေးပို့ထားသူ (၁၁၃)ဦးအနက် ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ပြန်လာသည့် ပညာရေးကောလိပ်တွင် Quarantine ဝင်ရောက်နေသူ အမျိုးသမီးတစ်ဦးမှာ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ကြောင်း သိရှိရသည်။