Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းရှိ အချုပ်သားများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Oct 24,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းရှိ အမှုစစ်ဆဲ အချုပ်သားများ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများအား မဲရုံသုံးပစ္စည်းများ ထုတ်ပေး
Oct 24,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်ကျေးရွာကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများအား မဲရုံသုံးပစ္စည်း အချို့ကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်း မိကြောင်-သမို-ရှမ်းရွာသစ်လမ်း ဆောင်ရွက်မှုများ ရာနှုန်းပြည့်ပြီးစီး
Oct 24,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်း များ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center သို့ နံနက်စာအာဟာရများ လာရောက် လှူဒါန်း
Oct 24,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Centerရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (၁၀) ဦးစိန်အုန်းက နံနက်စာအာဟာရဒါနအဖြစ် နန်းကြီးသုတ်၊ နွားနို့ပေါင်မုန့်နှင့် ကော်ဖီဘူးများ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို စစ်ဆေး အရေးယူခြင်းများ ဆက်လက်ဆောင်ရွက်
Oct 24,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask များ မပျက်မကွက် တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာကြရန်အတွက် မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ယမန်နေ့က လူအများစည်ကားရာ နေရာများတွင် Mask နှာခေါင်းစည်း မတပ်ဆင်သူများကို စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံတို့ ပူးပေါင်း၍ မ,တည်ငွေသိန်း(၃၀၀)ကျပ်ဖြင့် ဆောင်ရွက်မည့် SMU စီမံကိန်း မိတ်ဆက်ရှင်းလင်း
Oct 24,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံတို့ ပူးပေါင်း၍ မတည်ငွေသိန်း(၃၀၀)ကျပ်ဖြင့်ဆောင်ရွက်မည့် ကျေးရွာသစ်လှုပ်ရှားမှု အစီအစဉ် SMU စီမံကိန်း မိတ်ဆက်ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မိုင်းမောကျေးရွာအုပ်စု၊ အောင်ချမ်းသာဓမ္မာရုံ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် မဲရုံမှူး၊ ဒု-မဲရုံမှူးများနှင့်မဲရုံအဖွဲ့ဝင်များအား ပညာပေးသင်တန်း ဆက်လက်သင်ကြားပေးလျက်ရှိ
Oct 24,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်တတ်စေရန်အတွက် အသိပညာပေးသင်တန်း အောက်တိုဘာ (၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ အောင်ဆန်းခန်းမ၌ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ် ထီးတန်းစျေးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 24,2020
ရန်ကုန်အနောက်ပိုင်ခရိုင်ပါ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထီးတန်းစျေး တစ်လျှောက်တွင် mask တပ်ဆင်ပြီးသွားလာကြရန်၊ mask နှင့် ကျန်းမာရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28524
Page
28525
Page
28526
Page
28527
Current page
28528
Page
28529
Page
28530
Page
28531
Page
28532
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department