အမြို့မြို့အနယ်နယ်သတင်းများ

Oct 22,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 22,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခန့်ခဲကျေးရွာအုပ်စု၊ နမ့်ဟင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန် က ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော် ဦးဆောင်သော အဖွဲ့တို့ကွင်းဆင်းပြီး ဒေသခံပြည်သူများအား မိုင်းနှင့်စစ်လက်နက် အကြွင်းအကျန်အန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
Oct 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့သာယာလှပစေရေးအတွက် ပန်းရွှေဝါပန်းခြံ၌ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 22,2020
မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁ဝဝ)ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများအား နှစ်ဆယ့်လေးနာရီ အချိန်တိုင်း ကရုစိုက်ကုသ ပေးလျက်ရှိကြသော ဆေးရုံအုပ်ကြီးဒေါက်တာ စန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်အတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ စားသောက်ကုန် ပစွည်းများလှူဒါန်းခြင်း၊ ဆေးရုံကြီးတွင်အသုံးပြုရန် ဆေးရုံသုံးပစ္စည်းများ ကျပ်(၂၆,၂ဝဝဝဝ) နှစ်ဆယ့်ခြောက်သိန်းနှစ်သောင်းကျပ် ပေးအပ်လှူဒါန်းခြင်းအား ယမန်နေ့ ညနေ ၄ နာရီက အလှူ့ရှင်ရွှေဥဒေါင်းရွှေဆိုင် မိသားစုကိုယ်စား တွဲလက်များ ပရဟိတအဖွဲ့ ဦးအောင်ကိုဝင်း (အောင်ကြီးတက်တူး)မှ လှူဒါန်းပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာ‌ရေး ဝန်ထမ်းများက လက်ခံသည်။
Oct 22,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် မြို့ပေါ်(၅)ရပ်ကွက်ရှိ အသက် (၉)နှစ်မှ(၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား ပထမအကြိမ် (HPV)သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့် က မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Oct 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်မှစတင်၍ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံမှူးနှင့် ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေး ဝန်ထမ်းများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများမှ သင်တန်းပို့ချသည်။
Oct 22,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ရှိ မဲရုံများတွင် မဲရုံမှူးနှင့်ဒုမဲရုံမှူးအဖြစ် တာဝန် ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများအား ယနေ့နံနက် ၉ နာရီတွင် မိုးကောင်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ သင်တန်းပို့ချသင်ကြား လျက်ရှိကြောင်း သိရသည်။
Oct 22,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာအုပ်စုနောင်ဖာကျေးရွာ၊ ဦးပညာ၏ နေအိမ်အနီးတွင် ရင်စို့လုံးပတ် ၂၇ ပေ ၈ လက်မ၊ ခန့်မှန်းအမြင့် (၁၅၀)ပေ ရှိစကားဝါပင်ကြီးကို ရှမ်းပြည်နယ်၏ အကြီးဆုံး စကားဝါပင်ကြီးအဖြစ် ယမန်နေ့က ရှမ်းပြည်နယ်သစ်တောဦးစီးဌာန မှ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။