အမြို့မြို့အနယ်နယ်သတင်းများ

Oct 22,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မှ ပြည်သူများအား အသိပညာပေးသည့် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း က သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ရုံးရှေ့တွင် နံရံကပ်စာစောင် ပြုလုပ်၍ ပြသထားကြောင်းသိရသည်။
Oct 22,2020
အင်္ဂပူမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး စတင် ထည့်သွင်းထိုးနှံခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်မိခင်နှင့်က‌လေး ကျန်းမာရေးဌာနတွင် ကျင်းပသည်။
Oct 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင် အသက် ၉ နှစ်နှင့် ၁၀ နှစ်ကြား အမျိုးသမီးများကို (HPV) Human Papilloma Virus သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Oct 22,2020
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ မိုးစပါးစံပြကွက်များ ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် (၉) နာရီက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဖြစ်သော စာရေးကွင်းအုပ်စု၊ စာရေးကွင်းကျေးရွာ ကွင်းအမှတ် (၁၂၂၃) တွင် မြို့နယ်မိုးစပါးစံကွက် ရိတ်သိမ်းရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသခံတောင်သူများနှင့် မိုးစပါးရာသီ‌မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် နှုန်းထားအမျိုးမျိုး ထည့်သွင်း ထားသည့်စံပြကွက်များ ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Oct 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ တပ်လွင်ကျေးရွာအုပ်စုအတွင်းရှိ (တပ်လွင်+‌ ဆင်ကုန်း+ ကျောက်တော) မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးရွာတစ်ယူနစ်အတွက် ဆဌမအကြိမ် လည်ပတ်ရန်ပုံငွေကျပ် (၄၃၆) သိန်းအား စီမံကိန်းအသင်းဝင်(၅၂)ဦးကို ယမန်နေ့က လက်ဝယ်အရောက် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Oct 22,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာ(၈)ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲလက်မှတ်ထည့်မည့် မဲပုံးအား စစ်ဆေး၍ လုံခြုံရေးကြိုးဖြင့်ချိတ်ပိတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်သည်။
Oct 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စုနှင့် ဘဝသစ်ကျေးရွာအုပ်စု အတွင်း စက်တင်ဘာလ (၂၀) ရက်နေ့တွင်ဖြစ်ပွါးခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းပြီး ပင်လယ်ဒီရေ မြင့်တက် မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် အိမ်ထောင်စုများအတွက် ယမန်နေ့က ဖျာပုံခရိုင်၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဘေးဒဏ်သင့်ပြည်သူတို့၏ လက်ဝယ်သို့ လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။