အမြို့မြို့အနယ်နယ်သတင်းများ

Oct 22,2020
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်း၌ လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးသောင်းထွန်းဇော်နှင့် ဝန်ထမ်းများ က ပင်လုံမြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်း ဈေးရောင်းချသူများ၊ ဈေးဝယ်သူပြည်သူများ ရောဂါကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက် စည်းကမ်းများလိုက်နာခြင်းမရှိဘဲ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများအား အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး လှည့်လည်ဆော်ဩခြင်းကို ယနေ့နံနက်ပိုင်း (၀၉:၀၀)နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 22,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် နေ့စဉ်နံနက်(၆)နာရီမှ ည(၉)နာရီ အချိန်အထိ မြို့အ၀င်၌ ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ခရီးသွားများနှင့် ယာဉ်မောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးမှု များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Oct 22,2020
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အဦများ ကြည့်ရှုစစ်ဆေးရေး လုပ်ငန်းတာ၀န်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လပွတ္တာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပ ပြုလုပ်သည်။
Oct 22,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ပါရမီရှင်ပရဟိတအသင်း က ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အသွားအလာကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်းနှင့် အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေကြသော ပညာရေးဝန်ထမ်း ဆရာ/မများအတွက် စားရေးသောက်ရေး အဆင်ပြေစေရန် နံနက်စာနှင့် စားသောက်ဖွယ်ရာများကို ယနေ့ နံနက်ပိုင်း က ပေးအပ်လှူဒါန်းခဲ့သည်။
Oct 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းတွင် မဲထည့်နည်း သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၄) အ.ထ.က ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Oct 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကမ္ဘောဇဘဏ် မိသားစုမှ မအူပင်မြို့အထွေထွေရောဂါကု ဆေးရုံကြီးသို့ အလှူငွေနှင့် အထောက်အကူပြု ပစ္စည်းများလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီက မအူပင်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့သည်။
Oct 22,2020
ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်ပြန့်နှံ့မှုများ မြင့်မားလာခြင်းကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိသည်။
Oct 22,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့၌ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို အောက်တိုဘာ ၂၀ရက်နေ့နှင့် ၂၁ ရက်နေ့က ဈေးရပ်ကွက်ဓမ္မာရုံနှင့် တောင်ရပ်ကွက်ဓမ္မာရုံတို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။