Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အိုးဘိုအရှေ့ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်များ ထောက်ပံ့ပေးအပ်
Oct 30,2020
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အခြေခံလူတန်းစား အိမ်ထောင်စုများကို အိုးဘိုအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းအေး မိသားစုက ယမန်နေ့ ညနေက အိမ်တိုင်ရာရောက် လိုက်လံပေး အပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေနှင့် ပစ္စည်းများ လာရောက်လှူဒါန်း
Oct 30,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန်အတွက် ရည်ရွယ်၍ အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများကို ယမန်နေ့ နေ့လယ်က လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းများတွင် အားဖြည့်ကူညီရန် ကော့သောင်းမြို့နယ်မှ ကျန်းမာရေးဝန်ထမ်း Volunteer များ ရန်ကုန်မြို့သို့ ထွက်ခွာ
Oct 30,2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေး လုပ်ငန်းများတွင် အားဖြည့်ကူညီရန် ကော့သောင်း မြို့နယ်မှ ကျန်းမာရေးဝန်ထမ်း Volunteer များ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ ပြည်သူ့ဆေးရုံကြီး မှတစ်ဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွား ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး
Oct 30,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မတူပီ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံး ပစ္စည်းများကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများကို ထုတ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ နှင့် မိုးမိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံဆွေးနွေး
Oct 30,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက် များအား ရှင်းလင်းဆွေးနွေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးသန်းဌေးနှင့် မိုးမိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်က မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီ၌ အသက်(၆၀)နှင့် အထက်မဲဆန္ဒရှင်ပြည်သူများကြိုတင် ဆန္ဒမဲထည့်ပေးခြင်း စတင်ဆောင်ရွက်
Oct 30,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မဲဆန္ဒနယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ် စားလှယ်နေကာများအတွက် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးတွင် အသက် (၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ၊ မဲဆန္ဒနယ်မြေကျော်လွန်၍ တာဝန်ထမ်းဆောင်ရန် သွားရောက်ရမည့် ဝန်ထမ်းများ၊ အထူးရဲတပ်ဖွဲ့ ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက ယမန်နေ့ နံနက်၈နာရီမှ ညနေ(၆)နာရီ အချိန်အတွင်း ကြိုတင်ဆန္ဒမဲထည့်ပေးခြင်းအား ကိုဗစ်-၁၉ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ပေးကြကြောင်း ရပ်ကွက် ကော်မရှင်အဖွဲ့ ခွဲရုံးများမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၌ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေး
Oct 30,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲ ပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများသည် ယမန်နေ့ နံနက်(၈)နာရီမှညနေ(၆)နာရီထိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲများလာရောက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်တွင် တရုတ်နိုင်ငံမှပြန်လာသည့်နေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေး၍ သက်ဆိုင်ရာ ဒေသများ သို့ လွှဲပြောင်းပို့ဆောင်
Oct 30,2020
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၄၃)ဦး အား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက အသွားအလာကန့်သတ် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုးရှိ/ မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ နေရပ်ပြန်ပြည်သူအားလုံးတို့မှာ ရောဂါပိုးမတွေ့ရှိ၍ ယမန်နေ့၊ ညနေ(၄) နာရီအချိန်က ၎င်းတို့၏ သက်ဆိုင်ရာဒေသများသို့ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28583
Page
28584
Page
28585
Page
28586
Current page
28587
Page
28588
Page
28589
Page
28590
Page
28591
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department