အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး OSSခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 21,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေးစတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၁နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
Oct 21,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ အထက(၁)ကျောင်း မြတ်ရတနာခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
Oct 21,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် Goal Petrol ရေနံကုမ္ပဏီမှ ငွေကျပ် ၆၅ သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Oct 21,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးခြင်းကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၉)နှစ်မှ (၁၀) အရွယ် အမျိုးသမီးငယ်များအား ယနေ့နံနက် (၈) နာရီမှ စတင်၍ မြို့ပေါ်ရပ်ကွက်များရှိ သက်ဆိုင်ရာ နေရာများတွင် ကွင်းဆင်း ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Oct 21,2020
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ အစီအစဉ်ဖြင့် အသက်(၁၀)နှစ်အောက်ကလေးငယ်များ အဟာရနို့ တိုက်ကျွေးခြင်းကို၊ ယမန်နေ့ နံနက်(၁၀)နာရီက ကျောက်ပန်းတောင်းမြို့ ရွှေနဒီပရဟိတ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းတွင် ပြုလုပ်ခဲ့သည်။
Oct 21,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ နတ်မောက်ကွန်ရက် ပရဟိတ လူမှု အကျိုးပြုအသင်းက သွားရောက်၍ ဆန်၊ ဆီ နှင့် Mask များ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။