အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အသိပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့မွန်းတည့် (၁၂)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Oct 21,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည် (၁)နာရီအချိန်က မြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Oct 21,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၏ ဆန္ဒမဲ လက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ပိုင်းက ပေါင်မြို့နယ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့ သည်။
Oct 21,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre မှ အသွား အလာ ကန့်သတ်စောင့်ကြည့်ရသူ (၃၇) ဦးအား အောက်တိုဘာ ၁၈ ရက်နေ့က
Oct 21,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး အသိပေးချက်များနှင့်အညီ နှာခေါင်းစည်း Mask များ တပ်ဆင်သည့် အလေ့အကျင့်များ ရရှိစေရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများအား Mask တစ်ခုကို ၂၀၀ ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ် စနစ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေသည့် စနစ်ကို အောက်တိုဘာလ၁၉ ရက်နေ့မှ ယနေ့ နံနက်ပိုင်းထိ နောင်ချိုမြို့မ ဈေးထောင့်များနှင့် လမ်းဆုံများတွင် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
Oct 21,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အမျိုးသမီးကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ် ခေါင်းကင်ဆာ(HPV)ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ သည်။
Oct 21,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး (HPV Vaccine) စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။